“တောင်ပိုင်းမှာ အောင်ပွဲရသလို အညာမှာလည်း အောင်ပွဲဆင်နိုင်ဖို့လိုအပ်” ဟု ကျားဖြူစစ်ကြောင်း မှူး ဗိုလ်မှူးကျော်ဟိန်းပြော (ရုပ်သံ)
သံလွင်မြန်မာသတင်း
ဇွန်လ ၂၂
တောင်ပိုင်းတွင် အောင်ပွဲရသလို အညာဒေသတွင်လည်း အောင်ပွဲဆင်နိုင်ရန် လိုအပ်ကြောင်း ကျား ဖြူစစ်ကြောင်းမှူး ဗိုလ်မှူး ကျော်ဟိန်းက ပြောကြားသည်။
Myingyan Black Tiger – MBT တပ်ဖွဲ့ကပြုလုပ်လျက်ရှိသည့် “ကျားမဲဟိန်းသံမြို့သို့ညံ” ကမ်ပိန်းနှင့် ပတ်သက်၍ ဆွေးနွေးပွဲတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
“အညာဆိုတာသိတဲ့အတိုင်းပဲ လက်လုပ်တွေနဲ့ စကစ တော်လှန်နေတာ။ အခု ကျည်ကာတွေ ဦး ထုတ် တွေနဲ့ သေနတ်တွေ လိုအပ်နေလို့ မြင်းခြံ MBT တပ်က ကမ်းပိန်း သိန်း ၇၀၀၀ ပြုလုပ်နေတာ။ မိဘပြည်သူတွေအနေနဲ့ ပါဝင်စေချင်တယ်။ တောင်ပိုင်းက အောင်ပွဲတွေရနေသလို အညာမှာ အောင် ပွဲဆင်နိုင်ဖို့ လိုအပ်တယ်။ ငါ့ညီမိုက်ခဲ မင်းဘာမှ အားမငယ်နဲ့ မင်းတို့က ကျားမဲ၊ ငါတို့က ကျားဖြူ နှစ် ဖွဲ့ ပေါင်းလိုက်ရင် စစ်ကောင်စီ ဘာဖြစ်သွားမလဲ။ အားမငယ်နဲ့ညီလေး မင်းတို့ ကမ်ပိန်း သိန်း၇၀၀၀ ပြည့်မယ်ဆိုတာ အကို ယုံကြည်တယ်။ ဖိုက်တင်းပါညီလေးမိုက်ခဲ” ဟု ကျားဖြူစစ်ကြောင်းမှူး ဗိုလ် မှူး ကျော်ဟိန်းက ပြောကြားသည်။
ဗိုလ်မိုက်ခဲ ခေါင်းဆောင်သည့် မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း – MBT တပ်ဖွဲ့အနေဖြင့် မြိုသိမ်း တိုက် ပွဲ ဆင်နွှဲမည့် အထူးကွန်မန်ဒိုတပ်ဖွဲ့ဝင် ၅၀ ဦးအတွက် ကျည်ကာ Level 4 အထည် ၅၀ ၊ ကျည်ကာ ဦးထုတ် Level 4 အလုံး၅၀နဲ့ AK 47 ချေမှုန်းရေးရိုင်ဖယ် အလက် ၅၀ တို့ ကို ဝယ်ယူ အားဖြည့်ရန် ကြိုးစားနေခြင်းဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် မိဘပြည်သူများအနေဖြင့် တတ်နိုင်သမျှ ပါဝင်ကူညီအားဖြည့်ပေးကြပါရန်နှင့် ပါဝင် အားဖြည့်မည့် မိဘပြည်သူများအနေဖြင့် –
https://www.facebook.com/profile.php?id=61568480588187
Page Messenger မှ တဆင့် ဆက်သွယ်ကူညီပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။
“အခုလို အားလုံးက ဝိုင်းဝန်းပံ့ပိုးပေးတဲ့အတွက် အားလုံးကိုကျေးဇူးတင်ရပါတယ်။ အခုစကားပြော ပေးတဲ့ ဗိုလ်မှူး ကျော်ဟိန်းကိုလည်း ကျေးဇူးတင်ပါတယ်။ ကျနော်တို ပြည်သူကို ဂတိပေးထားတဲ့ အတိုင်း ကမ်ပိန်းအပြီး မြိုတမြိုလောက်ကို ရယူပေးသွားမှာပါ။ တောင်ပိုင်းကအောင်ပွဲတွေနဲ့ အတူ အညာမှာပါ အောင်ပွဲဆင်နိုင်ဖို ကြိုးစားပြင်ဆင် စုဖွဲနေပါတယ်” ဟု MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ် မိုက်ခဲက ပြောဆိုသည်။
Thanlwin Myanmar Media