Bago News

Bago News

လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာတပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၂

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ရေငံကျေးရွာတွင်တပ်စွဲထားသော စစ်တပ်စခန်း ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ထံမှ သိရသည်။

 

ဇွန်လ ၁၉ ရက် နံနက် ၃ နာရီ ၅၀ မိနစ်က လက်ပံတန်းမြို့နယ်အပိုင် ပဲခူးရိုးမအစပ်ရှိ ရေငံကျေးရွာ ၌ အင်အား ၃၀ ကျော်ဖြင့် အထိုင်ချတပ်ဆွဲထားသော စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များက လက်နက်ကြီး ၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ် ခတ်တိုက်ပွဲ ၁ နာရီ ၄၀ မိနစ်အထိကြာမြင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်မှုအတွင်း စစ်သား ၅ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ပြီး အထိနာသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီး ပစ်ကူများ ဆက်တိုက် ပစ်ခတ်ပေးလာသလို စစ်ကူအင်အား များအပြားလည်း ရောက်ရှိ​လာသဖြင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းရဲဘော်များ ပြန်လည်ဆုတ်ခွာခဲ့ ရကြောင်း သိရသည်​။

 

“စစ်ကူတွေ၊ လက်နက်ကြီးပစ်ကူတွေက ဝက်လှကြီး၊ စန်းတောင်ကွေ့တွေဘက်က ပေးတာပါ၊ စစ် ကြောင်းက အကုန်ပတ်တက်နေတာ၊ လက်ရှိလည်း တက်နေသေးတယ်။ မိဘပြည်သူတွေအနေနဲ့ စစ်ကြောင်းအသံကြားရင် လွတ်အောင်ရှောင်ရှားနေထိုင်ကြပါလို့ ပြောချင်ပါတယ်” ဟု သာယာဝတီ ခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ၃ ၊ တပ်ခွဲ၂ နှင့် ရွှေတန်းမြေပြည် သူ့ကာကွယ်ရေးတပ်ဖွဲ့ (သာယာဝတီခရိုင်ပကဖ၊ အမှတ် ၁ တိုက်ခိုက်ရေးတပ်ဖွဲ့) ရဲဘော်များ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

လက်ရှိတွင် စစ်ကောင်စီတပ်သား အများအပြား  အင်အားဖြည့်တင်းကာ စစ်ကြောင်းထိုးရန် လုပ် ဆောင်နေ​ပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ် သားများအနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန်နှင့် စစ်ရေး အသိ၊ သတိဖြင့် နေနိုင်ပေးကြ ပါရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ထန်းတပင်မြို့နယ်တွင် ၅ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ကျော်သေဆုံး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၂   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင် ၅ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၄၀ ကျော် သေဆုံးခဲ့ကြောင်း အုတ်ဖိုမြို့နယ် ပကဖက ထုတ်ပြန်သည်။  ...