နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ
သံလွင်မြန်မာသတင်း
ဇွန်လ ၂၁
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။
ယမန်နေ့ဇွန်လ ၂၀ ရက် နံနက် ၆ နာရီ ၁၅ မိနစ်တွင် ပိန္နဲကုန်းရွာနှင့် ဉာဏ်တောရွာကြားတွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၁၃ လုံး၊ နံနက် ၈ နာရီ ၃၁ မိနစ်တွင် သရက် ကုန်းရွာနှင့် ကန်ကြီးကျေးရွာတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် အလုံး ၂၀ ၊ ဒရုန်းဖြင့် ဗုံးသီး ၁၁ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အလားတူ လက်ပန်ကုန်းကျေးရွာနှင့် လိုင်ဝဲကျေးရွာတွင် တိုက်ပွဲဖြစ်ပွားနေချိန်စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ၄၆ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး ၆ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၃၀ မိနစ် တွင် ရွှေသွန်းကျေးရွာတွင်တိုက်ပွဲ ဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၅၃ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုအပြင် ဆမ္မဆယ်ကျေးရွာ နှင့် အုမ္မသီးကျေးရွာတွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မ တော်-TNLAတို ထိတွေ့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၉ ရက် နံနက်ပိုင်းကနောင်ချိုမြို့နယ် ရေမောင်းတန်းနှင့်ရွှေညောင်ပင်ကျေးရွာကြားတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး ယင်း တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ၄၁ လုံး၊ ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး ၆ လုံးနှင့် ဗုံး သီး ၄၅ လုံး တို့ကို ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၈ ရက်နေ့ကလည်း ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ၃၈ လုံး၊ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံး ကြဲချပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရ သည်။
ထိုအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ရွှေညောင်ပင်နှင့် ရေမောင်းတန်းကျေးရွာဘက်ကိုလည်း စစ် ကောင်စီတပ် သည် ပြည်သူလူထုများကို ဦးတည်ပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ၈ လုံး ၊ ဒရုန်း ဖြင့် ဗုံး ၂၃ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် ထိုးစစ် ဆင်များပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်း ထပ်တိုးထားသည်ကို အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်က အဆက်မပြတ်ထိုးစစ်ဆင်နေသော ကြောင့် နောင်ချိုမြို့နယ်တွင်တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း TNLA က ပြောဆို သည်။
ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများမှ ရှောင်ရှားနိုင်ရန် စစ် ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေး ဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း အသိပေးထားသည်။
Thanlwin Myanmar Media