Gyobingauk News

Gyobingauk News

ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်သား ၃ ဦးသေဆုံး

 

D Day News

မေလ ၄

 

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ အလယ်ကုန်းရဲစခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ပြည်သူလူထုအပေါ် ခြိမ်းခြောက်၊ ငွေညှစ်၊ ဖမ်းဆီး ခြင်း လုပ်ဆောင်လျက်ရှိသည့် ကြို့ပင်ကောက်မြို့နယ်ရှိ အလယ်ကုန်းရဲစခန်းကို ၇၉ မမ ၊ ၄၀ မမ ဗုံးသီးများ အပြင် လက်နက်ငယ်များဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ် သား ၃ ဦးသေဆုံးကာ ၅ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ကြို့ပင်ကောက်မြို့နယ် တပ်ရင်းအမှတ် ၃၈ဝ၂ တပ်ခွဲ ၆ Black Dragon (GBK PDF) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာလမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်သတ်ခံရ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၃ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာအတွင်းရှိ ရွာလည်လမ်းမပေါ်တွင် ပြည်သူ အမျိုးသား ၂ ဦး ပစ်ခတ်သတ်ဖြတ်ခံလိုက်ရကြောင်း ဒေသသတင်းရင်းမြစ်ထံက သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၂ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ်၊ မှော်စီစာကျေးရွာ၊...