Karen State News

Karen State News

တောင်ငူ -လိပ်သိုလမ်းပိုင်းတွင် စစ်ယာဉ်တန်းနှင့် စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦး ထက်မနည်းသေဆုံးပြီး ယာဉ်တစ်စီးတိမ်းမှောက်ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၁

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ တောင်ငူ -လိပ်သိုလ်လမ်းပိုင်းတွင် စစ်ယာဉ်တန်းနှင့် စစ်တပ် စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ယာဉ်တစ်စီးတိမ်းမှောက်ပျက်စီးခဲ့ ကြောင်း ကမ်းနီကြားဒေသကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၇ ရက် နံနက် ၈ နာရီခန့်က သံတောင်ကြီးမြို့နယ်၊ တောင်ငူ-လိပ်သိုလ် လမ်းမပေါ်ရှိ စစ်ကောင်စီ အမှတ် ၆၀၃ တပ်ရင်း မှ ရိက္ခာပို့ပြီး ပြန်လာသော ယာဉ် ၁၁ စီးပါ စစ်ယာဉ်တန်းကို ထုံးဘိုကြီးကျေးရွာအထွက်၌ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိုးဝါးချောင်းကျေးရွာအနီး အရောက် ယာဉ် တစ်စီးမှာ တိမ်းမှောက်သွားကြောင်း သိရသည်။

ထို့ကြောင့် ယာဉ်တန်းအတွက် လမ်းကင်းလုံခြုံရေးယူပေးနေသော စစ်ကောင်စီ တပ်သားများနှင့် ထိုးဝါးချောင်းကျေးရွာ၌ အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော စစ်တပ်စခန်းကိုပါ တပြိုင်တည်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိသည်။

 

ထိုသို့ တိုက်ခိုက်မှုများအတွင်း  စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်း သေဆုံးကာ ၇ ဦးထက် မနည်း ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်သားများထံမှ ၆၀ မမ ဗုံးသီး ၅ လုံး၊ ၅.၅၆ ကျည် အတောင့် ၅၀၀ ၊ လက်ပစ်ဗုံး ၃ လုံး ၊MA ကျည်ဘောက် ၄ ခုနှင့် ၁၄ မိုင်း ၄ လုံး တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို KNU တပ်မဟာ ၂ တပ်ရင်း ၅ လက်အောက်ခံ ကမ်းနီကြားဒေသကာကွယ် ရေး တပ်ဖွဲ့နှင့် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ရင် ၃၅၀၂ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြိုနယ်ရှိ ကျေးရွာ(၇)ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြု တိုက်ခိုက်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂၁   ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ကျေးရွာ ၇ ရွာတွင် တိုက်ပွဲဖြစ်နေပြီး စစ်တပ်က ဓာတုအဆိပ်ဗုံးများပါ အသုံးပြုတိုက်ခိုက်နေကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ် ပြန်သည်။...