BPLA အပတ်စဉ် ၉ သင်တန်းဆင်းပွဲသို့ NUG ဝန်းကြီး ဒေါက်တာဇော်ဝေစိုး ၊ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီထူး ၊ ABSDF ဒုဥက္ကဌနှင့် AA မှ တပ် မှူးတစ်ဦးတို့ တက်ရောက်
သံလွင်မြန်မာသတင်း
ဇွန်လ ၂၁
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် – BPLA တပ်ဖွဲ့တွင် ကျင်းပပြုသည့် အပတ်စဉ် ၉ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲသို့ NUG ဝန်းကြီး ဒေါက်တာဇော်ဝေစိုး ၊ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီထူး ၊ ABSDF ဒုဥက္ကဌနှင့် AA မှ တပ်မှူးတစ်ဦးတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇွန်လ ၇ ရက်နေ့က တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် ဗမာပြည်သူ့လွတ်မြောက်ရေး တပ်တော် (BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ၉ သင်တန်းဆင်းပွဲအခမ်းအနားပြုလုပ်ခဲ့ ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားသို့ NUG အစိုးရ ၊ ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်း ကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ် တော် (AA) မှ တပ်မှူးတဦး၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) မှ စစ်ဦးစီးချုပ်နှင့် အထွေထွေ အတွင်းရေးမှူး၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဒုဥက္ကဌနှင့် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူးတို့ တက်ရောက်ခဲ့ကြောင်း သိရ သည်။
မဟာမိတ်ခေါင်းဆောင်များသည် တော်လှန်ရေးအောင်မြင်ရန် မတူညီသော အင်အားစုများအကြား ညီညွတ်ရေးလိုအပ်ကြောင်းနှင့် ဟန်ချက်ညီပါက စစ်အာဏာရှင်စနစ် အမြန်အဆုံးသတ်မည်ဖြစ် သည်ကို အဓိကထားပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် သင်တန်းကာလအတွင်း ထူးချွန်ကျောင်းသား၊ ကျောင်းသူများကိုလည်း ဆုအသီးသီး ပေး အပ်ချီး မြှင့်ခဲ့ကြောင်း၊ လက်ဖြောင့်ဆု ရရှိသွားသည့် စစ်မေသည် ၁၀၂၇ စစ်ဆင်ရေး၌ မြင့်မြတ်စွာ အသက် ပေးခဲ့သော အာဇာနည်ရဲဘော်အောင်ပိုင်၏ ညီမဖြစ်ကြောင်း သိရသည်။
အမှတ် (၂၀၃) စစ်ဒေသ၊ ဗျူဟာမှူးက သင်တန်းဆင်းပွဲအစီရင်ခံချက်တွင် ဖတ်ကြားခဲ့ပြီး သင်တန်း ဆင်းရဲဘော်များကို လက်နက်များ ပေးအပ်တပ်ဆင်ခဲ့ကာ အမှတ်(၂၀၃)စစ်ဒေသအတွက် တပ်ရင်း သစ်တစ်ခုလည်းတိုးချဲ့ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media