Kachin State News

Kachin State News

ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးဘုန်းကြီးကျောင်းအနီးကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက် ခိုက်မှု ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၂၀

 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးဘုန်းကြီးအနီးကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၉ ရက် ညနေ ၃ နာရီ ၁၇ မိနစ်က ဖားကန့်မြို့နယ်၊ မှော်ဝမ်းလေးကျေးရွာရှိ ဘုန်း ကြီးကျောင်းအနီးသို့ အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ တစ်စီးဖြင့် ဗုံးသီး ၁ လုံးကျဲချပြီး စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦးထိ ခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ မှော်ဝမ်းကလေးကျေးရွာသည် စစ်ကောင်စီတပ်သားများ တပ် စွဲထားသည့်ကျေးရွာဖြစ်ကြောင်း သိရ သည်။

“ဒီနေ့ ဇွန်လ ၁၉ ရက် ညနေ ၃ နာရီ ၁၇ မိနစ်မှာ တံတားဦးကနေတက်လာတဲ့ ဂျက်ဖိုက်တာတစ်စီးက ဖားကန့်၊ မှော်ဝမ်း လေး ဘုန်းကြီးကျောင်းနားကို ဗုံးတစ်လုံးကျဲပြီး စက်သေနတ်တဲ့ ပစ်ခတ်သွားတာ။ ကလေး ၂ ဦး ထိ ခိုက် ဒဏ်ရာရတယ်လို့ သိရတယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အဲဒီမှော်ဝမ်းလေး နေရာမှာက လောလော ဆယ် စစ်ကောင်စီတပ်သားတွေ နေရာယူထားတာ၊ သူတို့စစ်ကောင်စီတပ်သားတွေ နေ ရာ ယူထားတဲ့ရွာကို ဗုံးလာကျဲသွားတာ၊” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။

 

ယမန်နေ့ ဇွန်လ ၁၉ ရက် နံနက်ပိုင်းနှင့် ဇွန်လ ၁၈ ရက် ညပိုင်းတို့က မှော်ဝမ်းလေးကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့မှ ဝင်ရောက် တိုက်ခိုက် ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ပြီး ဖားကန့်တပ်မကုန်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေး တိုက်ခိုက်မှုရှိခဲ့ကြောင်း သိရသည်။

 

“ဒီရက်ပိုင်း ၁၇၊ ၁၈၊ ၁၉ တောက်လျှောက် တိုက်ပွဲတွေဖြစ်နေတယ်။ ဖားကန့် မှော်ဆီဇာဘုန်းကြီး ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း KIA ၊ KPDF တပ် ဖွဲ့တွေက တိုက် ခိုက်တာလည်းရှိတယ်ဆိုတော့ ဒီရက်ပိုင်းဖားကန့်မှာ တိုက်ပွဲ ၂ နေရာ အပြင်းအ ထန်ဖြစ်နေတယ်၊ မှော်ဆီဇာဘုန်းကြီးကျောင်းမှာရယ်၊ မှော်ဝမ်းလေးကျေးရွာမှာ ရယ်ပေါ့၊ လောလောဆယ်တော့ မှော် ဝမ်းကလေး၊ မှော်ဝမ်းကြီးကျေးရွာနေပြည်သူတွေက စစ်ဘေး ရှောင်နေကြရတယ်။ ဖားကန့်ပြည်သူ အားလုံး လည်း စစ်ရေးသတိအမြဲရှိကြဖို့ ပြောချင်ပါတယ်။” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ပြော ဆိုသည်။

 

ဇွန်လ ၁၇ ရက်နေ့က ဖားကန့်မြို့နယ်၊ မှော်ဆီဇာကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများ ကို KIA ၊ KPDF ပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကံဆည်းဗျူဟာမှ G2 အဆင့်ရှိ ဗိုလ်မှူး ဖြိုးသက်ဇော် အပါအဝင် ၂၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။

 

မိုးကောင်းမြို့နယ်အခြေစိုက် အမှတ် ၃ ခြေလျင်တပ်မဟာ တပ်မမှူး ဗိုလ်မှူးချုပ် ဇော်ဝင်းဦးဆောင် သော စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့သို့ ရောက်ရှိလာချိန်မှစ၍ ပြည်သူ ၃၀ ကျော်ကို ပစ်ခတ် သတ်ဖြတ်ထားသောကြောင့်ဖားကန့်မြို့နေပြည်သူများမှ စိုးရိမ်ထိန့်လန့်နေရကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် တပ်ကြပ်ကြီး အောင်မျိုး ကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင် စီတပ်မှ တပ်ကြပ်ကြီး အောင်မျိုးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖထံမှ သိရ သည်။...