Sagaing News

Sagaing News

အရာတော်မြို့နယ်၊ ငွေတွင်းရွာ ပျူစောထီးများ လယ်ထွန်ရန်ထွက်လာစဉ် ချုံခိုတိုက်ခိုက် မှု ပျူ ၂ ဦး သေဆုံး၊ သေနတ်တစ်လက် သိမ်းဆည်းရရှိ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၉

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းပျူစခန်းမှ ပျူများလယ်ထွန်ရန်ထွက်လာစဉ် ချုံခိုတိုက် ခိုက်ခဲ့ရာ ပျူ ၂ ဦးသေဆုံးပြီး သေနတ် ၁ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Ngwe Dwin Revolution Force – NDRF ထံမှ သိရသည်။

 

ယနေ့ ဇွန်လ ၁၉ ရက်နေ့က အရာတော်မြို့နယ်၊ ငွေတွင်းပျူစခန်းမှ စစ်သား၊ ပျူများ လယ်ထွန်ရန် ထွက်လာာစဉ် ချုံခိုတိုက်ခိုက်ခဲ့ရာ ပျူဖြိုးဦး နေရာမှာတင်ပွဲချင်းပြီး သေဆုံးပြီး ပျူတင်ချိုမှာ မျက်နှာ တစ်ခြမ်း ကျည်ထိမှန်ဒဏ်ရာဖြင့် ငွေတွင်းပျူစခန်းပြန်ရောက်ချိန်တွင် သွေးထွက်လွန်သေဆုံးသွား ကြောင်း သိရသည်။

“အပြန်အလှန် ပစ်ခတ်တိုက်ပွဲက တစ်နာရီလောက်ဖြစ်ခဲ့ပါတယ်။ လယ်ထွန်နေတဲ့ စခ တစ်ဦးပဲ လက်နက်က တစ်လက်ပါလာတာ၊ ပြီးတော့မှ ငွေတွင်းရွာထဲကနေ ထွက်လာတဲ့ ပခတွေပစ်ကူ ပေး တာ၊ လက်နက်ခဲယမ်းတွေ ပြန်ဖြည့်ဖို့ လိုအပ်ပါတယ်။ တစ်ပွဲဆိုရင် တစ်ပွဲပဲ ကျည်က အတော်ကုန် ပါတယ်။ မိဘပြည်သူတွေအနေနဲ့ တတ်နိုင်သမျှ ကူညီပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု Ngwe Dwin Revolution Force – NDRF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထို့နောက် ငွေတွင်းပျူစခန်းမှ ပျူများ တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရောက်ရှိလာပြီး သေဆုံးပျူ အလောင်းကို လာကောက်ကာ စခန်းအတွင်းသို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

 

တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ်မြေရှင်းလင်းစဉ် ပျူများ အသုံးပြုသော တစ်ထောင့် ထိုး သေနတ် ၁ လက် ၊ လွယ်အိတ် ၁ အိတ်၊ လေးခွ၊ဖုန်း ၁ လုံး၊ ဓားတစ်ချောင်း၊ နွားနှစ်ကောင်၊ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်အမှတ် ၂၁ တပ်ရင်း၊ တိုက်နယ် (၉၊၁၀၊၁၁) နှင့် နယ်ခံမဟာမိတ် တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Mdeia

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဖရူဆိုမြို့နယ်ရှိ လက်ကျန်တပ်ရင်းများနှင့် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းထဲသို့ စစ်တပ်က လေကြောင်း ဖြင့် လက်နက်ခဲယမ်များဖြည့်တင်း (ရုပ်သံ)

ဖရူဆိုမြို့နယ်ရှိ လက်ကျန်တပ်ရင်းများနှင့် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေး သင်တန်းကျောင်းထဲသို့ စစ်တပ်က လေကြောင်း ဖြင့် လက်နက်ခဲယမ်များဖြည့်တင်း (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂ ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ လက်ကျန်တပ်ရင်းများနှင့် အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေး သင်တန်း ကျောင်းထဲသို့ စစ်တပ်က လေကြောင်းဖြင့် လက်နက်ခဲယမ်းများ ဖြည့်တင်းခဲ့ကြောင်း KNDF ဗဟို သတင်းနှင့် ပြန် ကြားရေး ဌာနက ထုတ်ပြန်သည်။ ဇူလိုင်လ ၃၁ ရက်...