TNLA News

TNLA News

နောင်ချိုမြို့နယ်၊ ဥာဏ်တောရွာနှင့် ရွှေသွန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်လက် လက်နက် ကြီး၊ ဒရုန်းတို့ဖြင့် ဗုံးအလုံး ၈၀ နီးပါး အသုံးပြုတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၉

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ ဥာဏ်တောရွာနှင့် ရွှေသွန်းကျေးရွာတို့တွင် တိုက်ပွဲဖြစ် ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ဗုံးသီး အလုံး ၈၀ နီးပါး အသုံးပြုတိုက်ခိုက်ခဲ့ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၁၈ ရက် နံနက်ပိုင်းက တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ ဉာဏ်တောကျေးရွာနှင့် ရွှေသွန်းကျေးရွာတို့ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ကို တအာင်းတပ်မတော်-TNLA က ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲ အတွင်း စစ် ကောင်စီတပ်က လက်နက်ကြီး ၃၈ လုံး၊ ဒရုန်းဖြင့် ဗုံးသီး ၁၀ လုံးတို့ကို ပစ်ကူပေးတိုက်ခိုက်ခဲ့ ကြောင်း သိရသည်။

ထိုအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွှေညောင်ပင်ကျေးရွာနှင့် ရေမောင်းတန်းကျေး ရွာဘက် ကိုလည်း စစ်ကောင်စီတပ်က ပြည်သူလူထုများကို ဦးတည်ပြီး ရည် ရွယ်ချက်ရှိရှိ လက်နက်ကြီး ၈ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး ၂၃ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီ ၄၁ မိနစ်ကလည်း စစ်ကောင်စီတပ်က ပြည်သူလူထုများကို ဦးတည်၍ ရည်ရွယ်ချက်ရှိရှိဖြင့် ဆမ္မဆယ်ကျေးရွာအတွင်းသို့ လက်နက်ကြီး ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် ဆင်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက် တမ်းထပ်တိုးထားသည်ကို စစ်ကောင်စီတပ်က အခွင့် ကောင်းယူ၍ အဆက်မပြတ်ထိုးစစ်ဆင်နေ သောကြောင့် နောင်ချိုမြိုနယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ပြောဆိုထားသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင် ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့နယ်တွင် စစ်သား၊ ပျူစောထီးများ လိုက်ပါလာသော ကားကို ကြားဖြတ်တိုက်ခိုက်မှု ရုရှား ပြန် ဗိုလ်ကြီး ပြည့်ဖြိုးကျော်၊ ပျူစောထီးခေါင်းဆောင် မင်းသိုက်အပါအဝင် ၃ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာနှင့် ခေါင်းကွဲကျေးရွာကြားတွင် စစ်သား၊ ပျူစောထီးများ...