Yangon News

Yangon News

ရွှေပြည်သာမြို့မရဲစခန်းနှင့်‌ မြောက်ဥက္ကလာပမြို့နယ်ထွေအုပ်ရုံးရှိ စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် တိုက်ခိုက်မှု ရဲ ၂ ဦး ဒဏ်ရာရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၉

 

ရန်ကုန်မြို့၊ ရွှေပြည်သာမြို့မရဲစခန်းနှင့် မြောက်ဥက္ကလာမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမ တို့၌ တပ်စွဲထားသော စစ်ကောင်စီတပ်သားများကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦ ထိခိုက်ဒဏ်ရာရရှခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁၈ ရက် ည ၈ နာရီ ၃ မိနစ်က ရွှေပြည်သာမြို့မရဲစခန်းအတွင်းသို့ လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ် ခတ် ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ဗုံး ၂ လုံးစလုံးပေါက်ကွဲခဲ့ပြီး စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ ၂ ဦး ဒဏ်ရာရရှိကာ တစ်ဦးမှာအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ရခ ၃ ဦးရှိတဲ့နေရာနားမှာ ကျပြီးပေါက်ကွဲသွားတာ၊ ၂ ဦး ထိတယ်။ နှစ်ဦးထဲက တစ်ဦးက စိုးရိမ်ရ တယ်” ဟု The Blood Line ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ ရဲစခန်းသည် ပြည်သူများအပေါ် အမျိုးမျိုးအကြောင်းပြကာ ဖိနှိပ်နေသောကြောင့် THE BLOOD LINE မြို့ပြပြောက်ကျား အဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ စစ်သား၊ ရဲနှင့် ထောက်တိုင်များကို တိုက် ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး မိဘပြည်သူများအနေဖြင့် စစ်ကောင်စီလက်အောက်ခံတပ်သားများအနီး သွားလာနေထိုင်ခြင်းမပြုကြပါရန် မေတ္တာရပ်ခံထားသည်။

 

အလားတူ မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိရောက်စွာကျရောက်ပေါက်ကွဲခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၁၈ ရက် ည ၁၀ နာရီ ၁၅ မိနစ်က မြောက်ဥက္ကလာပမြို့နယ်၊ အထွေထွေအုပ်ချုပ် ရေးမှူးရုံး၌ တပ်စွဲထားသော စစ်သားများကို လက်ပစ်ဗုံးများဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိ ရောက်စွာ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း၊ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထုတ်ပြန်

ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲအား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည်ဟု ထုတ်ပြန်

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၂၆ တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကော်မရှင်လက်အောက်ခံမြို့နယ်အုပ်ချုပ် ရေးမှူးမှ ရပ်/ကျေးအဆင့် အထိ အချက်အလက်အားလုံးရရှိထားပြီး အတုအယောင်ရွေးကောက်ပွဲ အား ပူးပေါင်းပါဝင်သူများကို ထိထိရောက်ရောက် အရေးယူသွားမည် ကျွန်းစုမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ) က ထုတ်ပြန်သည်။ ကျွန်းစုမြို့နယ်အတွင်း၌ အကြမ်းဖက်စစ်ကော်မရှင်လက်အောက်ရှိ မြို့နယ်မှ...