Mandalay News

Mandalay News

မြင်းခြံမြို့နယ်တွင် စစ်သား၊ ပျူစောထီးများ လိုက်ပါလာသော ကားကို ကြားဖြတ်တိုက်ခိုက်မှု ရုရှား ပြန် ဗိုလ်ကြီး ပြည့်ဖြိုးကျော်၊ ပျူစောထီးခေါင်းဆောင် မင်းသိုက်အပါအဝင် ၃ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၉

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာနှင့် ခေါင်းကွဲကျေးရွာကြားတွင် စစ်သား၊ ပျူစောထီးများ လိုက်ပါလာသော ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရုရှားပြန်ဗိုလ်ကြီး ပြည့်ဖြိုးကျော်၊ ပျူစောထီး ခေါင်းဆောင်မင်းသိုက်အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၁၇ ရက် ညနေ ၆ နာရီခန့်က မြင်းခြံမြို့မှ ထွက်လာသော ရုရှားပြန်ဗိုလ်ကြီး ပြည့်ဖြိုးကျော်၊ အနိမ့်သာပေါင်းအုပ်စု ပျူစောထီးခေါင်းဆောင် မင်းသိုက် အပါအဝင် ၄ ဦးလိုက်ပါလာသည့် ကားကို Myingyan Black Tiger – MBT တပ်ဖွဲ့မှ အထူးကွန်မန်ဒို စစ်သား ၇ ဦးက ၇ ရက်တိတိ ကင်းပုန်း ဝပ်စောင့်ဆိုင်းကာ အလစ်အငိုက်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သတင်းရတုန်းက ကားတစ်စီးထဲလာမယ်လို့ သတင်းရတာ၊ တကယ်သွားတိုက်တော့ ကား ၂ စီး ဖြစ် နေ့လို့ လက်နက်တွေ မရခဲ့ဘူး။ တစ်စီးတည်းဆိုပြီး အနီးကပ်အပိုင်ဝင်းပစ်ခဲ့တာ၊ ရုရှားပြန် ဗိုလ်ကြီး လည်းသေတယ်။ ပျူစောထီးခေါင်းဆောင်လည်းသေတယ်။ ကားပေါ်ပါတဲ့သူ ၄ ဦးထဲက ၃ ဦးသေ တယ်။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Myingyan Black Tiger -MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း ကားပေါ်ပါ ရုရှားပြန်ဗိုလ်ကြီး ပြည့်ဖြိုးကျော်၊ အနိမ့်သာပေါင်း ပျူစောထီး ခေါင်းဆောင် မင်းသိုက်နှင့် တပ်သား ပိုင်စိုးတို့သေဆုံးကာ တပ်ကြပ်ကြီး မုတ်ဆိတ်မှာ အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

 

သေဆုံးစစ်သား၊ ပျူစောထီးများအလောင်းများနှင့် ဒဏ်ရာရ စစ်သားတို့ကို မြင်းခြံမြို့နယ် ပျူစောထီး‌ ခေါင်းဆောင် သီတာယုမွန်နှင့်အဖွဲ့က လာရောက်သယ်ဆောင်သွားပြီး ဒဏ်ရာအပြင်းအထန်ရရှိ သော တပ်ကြပ်ကြီး မုတ်ဆိတ်ကို မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း၊ ထို့ အပြင် သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် မင်းသိုက်၏ ရုပ်အလောင်းကို သီတာယုမွန်က မိသားစုထံ ပြန်မပေး၎င်းကိုယ်တိုင်သင်္ဂြိုလ်ပေးမည်ဟု သိမ်းယူထားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

စလင်းမြို့နယ်၊ တညောင်တိုက်နယ်အတွင်း၌ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ   သံလွင်မြန်မာသတင်း ဩဂုတ်လ ၃   မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်အတွင်း၌ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သခင်ဖိုးလှကြီးတပ်ဖွဲ (ချောက်)တပ်ဖွဲ့ထံမှ သိရသည်။   ဇူလိုင်လ ၃၁ ရက်နေ့က...