Tanintharyi News

Tanintharyi News

ရေဖြူမြို့နယ်၊ ပယကျေးရွာ၊ ရွှေမိုးညိုဘုရားအနီးတပ်စွဲထားသော စစ်တပ်စခန်းကိုတိုက်ခိုက်မှု စစ် သား ၃ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၈

 

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယကျေးရွာ ရွှေမိုးညိုဘုရားအနီးတပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့- ရေဖြူပကဖ ထံမှ သိရသည်။

 

ဇွန်လ ၁၅ ရက် နေ့ကရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ ပယကျေးရွာရှိ ရွှေမိုးညိုဘုရားအနီး တပ်စွဲထား‌ သော စစ်ကောင်စီ၏ ယာယီတပ်စခန်းကို ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့မှဝင်ရောက် တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၃ ဦးထက်မနည်းသေဆုံးပြီး အများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ အုန်းပင်ကွင်းအခြေစိုက်မောရဝတီရေတပ်စခန်းဌာနချုပ်မှ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူပေးခဲ့သော်လည်း ပြည်သူ့ ကာကွယ်ရေး ပူးပေါင်း မဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို  ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူပကဖ) ၊ ထားဝယ်ခရိုင် အ မှတ် ၁ တပ်ရင်း  ၊ T1 ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ် (TPLF) သာဂရစစ်ကြောင်း ၊ ဒေါန တပ်ရင်း ၊ တပ်ခွဲ-၆ (ဝေဟင်)၊ တပ်ခွဲ-၇ (LPF) ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေဘီလုံး တပ်ဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်ကာ စစ်ရေးများဖော်ဆောင်နေ သည့် အချိန်ကာလဖြစ်သောကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်စခန်းများနှင့် နီးကပ်စွာနေထိုင်ခြင်းမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိကြပါရန် တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
စလင်းမြို့နယ်၊ တညောင်တိုက်နယ်အတွင်း၌ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

စလင်းမြို့နယ်၊ တညောင်တိုက်နယ်အတွင်း၌ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်သေဆုံးမှုရှိ

သံလွင်မြန်မာသတင်း ဩဂုတ်လ ၃ မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်အတွင်း၌ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သခင်ဖိုးလှကြီးတပ်ဖွဲ (ချောက်)တပ်ဖွဲ့ထံမှ သိရသည်။ ဇူလိုင်လ ၃၁ ရက်နေ့က စလင်းမြို့နယ်၊ တညောင်ကျေးရွာဘက်မှ အင်အား ၁၅၀ ခန့်ဖြင့် ဝင်ရောက် လာသည့် စစ်တပ် စစ်ကြောင်းကို...