ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး
သံလွင်မြန်မာသတင်း
ဇွန်လ ၁၇
မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံးခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၁၆ ရက် နံနက် ၅ နာရီ မိနစ် ၅၀ က ငါန်းဇွန်မြို့နယ် ၊မြို့သာ ဆေးရုံအနီးတွင် ဂိတ် ချပြီး ဆက်ကြေးကောက်ရန် ရဲစခန်းအတွင်းမှ အင်အား ၂၅ ဦးဖြင့်ထွက်လာခဲ့ရာ ၎င်းတို့အမြဲတမ်း ဆက်ကြေးကောက်ရာ ဂိတ်နေရာအရောက် အသင့်ပြင်ဆင်ထားသောမိုင်းများဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ ရာ စစ်သား ၃ ဦးနေရာမှာပင်ခြေပြတ်လက်ပြတ်ဖြစ်ကာ သေဆုံးသွားပြီး ၄ ဦးအပြင်းအထန် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“မြို့သာဆေးရုံနားမှာ ဂိတ်ချပြီး ပြည်သူတွေရဲ့ ဆိုင်ကယ်၊ ကားတွေလာရင် ဖမ်းပြီး ဒဏ်ရိုက်တယ်။ အမြဲတမ်းမူးရူးပြီး ဆဲဆိုနေတာ၊ အဲလိုလုပ်နေတာ လေးငါးဆယ်ရက်လောက်ရှိပြီ။ အဲလိုလုပ်တာနဲ့ မိုင်းသွားထောင်ပြီးဆွဲလိုက်တာ၊ ၂၅ ဦးလောက်ထွက်လာတာကို သူတို့ဂိတ်ချမယ့်အနားလည်း ရောက်တော့ ဆွဲလိုက်တာ၊ သေတာက ၃ ဦးသေတာ၊ သေတဲ့အထဲမှာ ခြေပြတ်လက်ပြတ်ဖြစ်ပြီး သေတာ၊ ဒဏ်ရာအပြင်းအထန်ဒဏ်ရာတဲ့သူတွေကို မန္တလေးဆေးရုံကို ပို့တယ်။ အရာရှိပါပုံ ပေါက် တယ်။ မြို့သာဆေးရုံက မနိုင်တော့ ဘယ်ကားမှ အလာမခံပဲ ရပ်ထားတာ၊ ပြီးတော့ မန္တလေးဆေးရုံ ကို တန်းပို့တယ်။ လမ်းပေါ်မှာရှိတဲ့သွေးစသွေးနတွေကိုလည်း သံတွေဖုံးထားပြီး နာရီဝက်လောက် ကြာမှ ခရီးသည်ကားတွေကို လွှတ်ပေးတာ၊ မန္တလေးပို့တဲ့သူတွေကလည်း သေဖို့ကများတယ်။ သတင်းက လိုက်မမီလို့” ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့ -မြင်းခြံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် အပြင်းအထန် ဒဏ်ရာရရှိသူများကို မြို့သာဆေးရုံသို့ တင်ပို့ခဲ့သော် လည်း ကုသရန်နိုင်သဖြင့် မန္တလေးဆေးရုံသို့ Light Truck ကားဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံမြို့နယ် တိုက်နယ် ၃ နဂါးနီပြောက်ကျား ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။
မြင်းခြံခရိုင်အတွင်း ဖြတ်သန်းသွားလာမောင်းနှင်ကြသော မိဘပြည်သူများအနေဖြင့် ကားများကို မှန် ချမောင်းနှင်ကြရန်၊ တိုက်ပွဲဖြစ်နေစဉ် ရှေ့ဆက်မတိုးပဲ ရောက်ရှိနေရာ၌ ရပ်တန့်ထားကြရန်နှင့် နောက်ပြန်လှည့်မောင်းခြင်းမျိုးလုပ်ဆောင်ပေးကြပါရန်မေတ္တာရပ်ခံထားသည်။
Thanlwin Myanmar Media