TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို TNLA က ခုခံတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၇

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့်ရေမောင်းတန်းကျေး ရွာကိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၁၆ ရက်‌က တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီတပ်ကို တအာင်းတပ်မတော်-TNLA က ဆက်လက်၍ ခုခံတိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ် ကောင်စီတပ်က လက်နက်ကြီး ၉ လုံး ၊ ဒရုန်းဖြင့် ဗုံးသီး ၂၆ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရ သည်။

 

ထိုအပြင် နောင်ချိုမြို့နယ်၊ လက်ပန်ကုန်းကျေးရွာဘက်ကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ် ကောင်စီတပ်က ပြည်သူလူထုကို ဦးတည်ကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး ၃ လုံး ပစ်ခတ်ခဲ့ ကြောင်း သိရသည်။

အလားတူ ဇွန်လ ၁၅ ရက်နေ့ နောင်ချိုမြို့နယ်၊ လက်ပန်ကုန်းကျေးရွာ၊ အုမ္မတီးကျေးရွာနှင့် ရေ မောင်းတန်းကျေးရွာတို့၌ တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၉ လုံး၊ ဒရုန်းဖြင့် အဆိပ်ငွေ့ ဗုံး ၃၇ လုံးနှင့် ဗုံး ၃၅ လုံးတို့ ကြဲချခဲ့ကြောင်း သိရသည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့်လူသားချင်း စာနာထောက်ထားရေးလုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် ဆင်များပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်းထပ် တိုးထားသည်ကို  စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာနက အ သိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ကတ် ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦးသေဆုံးပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျပျက်စီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခ တပ်အတွင်းသို့ ရော့ ကတ်လက်နက်ကြီး ၁၀ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိ ၅ ဦးအပါအဝင် စစ်သား ၁၂ ဦး သေဆုံးခဲ့ပြီး ရိက္ခာဂိုဒေါင် ၂ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း...