TNLA News

TNLA News

အပစ်အခတ်ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ နောင်ချိုမြို့နယ်တွင် ကျေးရွာ ၃ ရွာကို စစ် ကြောင်း သိမ်းပိုက်လာမှုမကြောင့်တိုက်ပွဲဖြစ်၊ စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံး ၃၇ လုံးအပါအဝင် အများအပြား ဗုံးကြဲချ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၆

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်ရှိ အုမ္မတီး၊ ရေ မောင်းတန်းနှင့် လက်ပန်ကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်က အပစ်အခတ်ရပ်စဲထားမှု ကိုအခွင့် ကောင်းယူ၍ ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယမန်နေ့ ဇွန်လ ၁၅ ရက်နံနက်ပိုင်းက နောင်ချိုမြို့နယ်၊ အုမ္မတီးနှင့် ရေမောင်းတန်းကျေးရွာတွင် စစ် ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို တိုက်ပွဲဖြစ်ပွား‌ခဲ့ပြီး ထိုတိုက်ပွဲအတွင်း စစ်ကောင်စီ တပ်က လက်နက်ကြီး ၃ လုံး၊ ဒရုန်းဖြင့် အဆိပ်ငွေ့ဗုံး ၃၇ လုံးနှင့် ဗုံး ၃၅ လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့ ကြောင်း ၊ အလားတူ လက်ပန်ကုန်းကျေးရွာဘက်မှ ဖြစ်ပွားခဲ့သည့်တိုက်ပွဲအတွင်းလည်း စစ်ကောင်စီ တပ်က လက်နက်ကြီး ၆ လုံး ပစ်ကူတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုအပြင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွှေညောင်ပင်ကျေးရွာနေပြည်သူလူထုကိုလည်း ဦးတည် ပစ်မှတ်ထားကာ လက်နက်ကြီး ၃ လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့လည်း ရွှေသွန်း၊ ပိန္နဲကုန်း၊ သရက်ကုန်းနှင့် လက်ပန်ကုန်းကျေးရွာ များတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို တိုက်ပွဲများဖြစ်ပွားနေစဉ်အတွင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး ၈၀ လုံးနှင့် ဒရုန်းဖြင့် ဗုံး ၂၆ လုံးတိုကို ပစ်ကူခဲ့ကြောင်း သိရ သည်။

 

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် ဆင်များပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ်အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်းထပ် တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင်နေသောကြောင့် နောင်ချိုမြို့နယ်တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း TNLA ကပြောဆိုသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈...