Jail News

Jail News

မန္တလေးအိုးဘိုအကျဉ်းထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၆

 

မန္တလေးမြို့၊ အိုးအကျဉ်ထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံရ ကြောင်း စစ်ကိုင်းတိုင်း လူထုသပိတ်အင်အားစုက ထုတ်ပြန်သည်။

 

ဇွန်လ ၁၁ ရက်နေ့က မုံရွာအကျဉ်းထောင်အတွင်း၌ မတရား ဖမ်းဆီးထိန်းသိမ်းခံထားရသော မုံရွာ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် နှင့် ချောင်းဦးလူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက သံခြေကျဉ်းများခတ်ကာ အိုးဘို အကျဉ်းထောင် (မန္တလေး) သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

 

နိုင်ငံရေးအကျဉ်းသားများအားလုံး အိုးဘိုအကျဉ်းထောင် (မန္တလေး) သို့ ရောက်ရှိချိန်တွင် ထောင်ဝန် ထမ်းများမှ တုတ်များ၊ သံကြိုးများဖြင့် ရိုက်နှက် နှိပ်စက်ကြပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့် နိုင်ငံ ရေး အကျဉ်းသားများ အားလုံးကို ဆေးကုသမှုလုံးဝ မပြုလုပ်ပေးကြောင်းသိရှိရသည်။

ရိုက်နှက်နှိပ်စက်ခံရသူများတွင် ကိုဝေမိုးနိုင် နှင့် ကိုမာန်ဇာမြေမွန်တို့သည်လည်း ပါဝင်ခဲ့ပြီး ဆေးဝါး ကုသခွင့်မပေးသည့်အပြင် သံခြေကျဉ်းခတ်ကာ တိုက်ပိတ်ထားကြောင်းကြောင်း၊ ထို့ကြောင့် လူထု သပိတ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားများ၏ အသက်ရှင်သန်မှုနှင့် ကျန်းမာရေး အခြေနေအားလုံးတို့သည် စစ်အာဏာရှင် လက်ပါးစေ ထောင်အာဏာပိုင်များက တာဝန်ခံရမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထုတ်ပြန်ကြေညာထားသည်။

 

စစ်အာဏာရှင်၏ စစ်ဖိနပ်အောက်တွင် ပျော်ပါးပြီး စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်ထောက် ပံ့ကူညီနေသော ထောင်အာဏာပိုင်များ၏ ညှင်းပန်းနှိပ်စက်မှုများကို မှတ်တမ်းတင်ထားရှိပြီး မဝေး တော့သည့်ကာလတွင် တရားစီရင် အပြစ်ပေးအရေးယူသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီး

သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ ပြန်လည်ဖမ်းဆီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၃ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံ ရေး အကျဉ်းသား ၅ ဦးကို ထောင်ဗူးဝ၌ပင် ပြန်လည်ဖမ်းဆီးခံလိုက်ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင် ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်သည်။ အောက်တိုဘာလ ၁ ရက်နေ့က သာယာဝတီအကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်မှ...