CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ထုတ်ပြန်
သံလွင်မြန်မာသတင်း
ဇွန်လ ၁၅
CRPH ၏ “အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုင်ရာ နိုင်ငံ့ဝန်ထမ်း ဥပဒေ” သည် စစ် ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားတူညီနေသဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ယနေ့ ဇွန်လ ၁၅ ရက်နေ့ တွင် ထုတ်ပြန်သည်။
၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့တွင် CDM မူဝါဒနှင့်ပတ်သက်သည့် ဗကသများအဖွဲ့ချုပ်၏ အမြင်နှင့် သဘောထားအပြည့်အစုံကို ထုတ်ပြန်ခဲ့ပြီး ဖြစ်ကြောင်း၊ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ များမှာ ကိုယ်ကျိုးကိုမငဲ့ကွက်ဘဲ ပြည်သူလူထုအကျိုးအတွက် ရှေ့တန်းမှ ပါဝင်ခဲ့သော သူရဲကောင်း များဖြစ်ကြောင်း၊ ထို့ကြောင့် CDM ဝန်ထမ်းများအား အသိအမှတ်ပြုခြင်း၊ ဂုဏ်ပြု ခြင်း၊ ကုစားပေး ခြင်း နှင့် ၄င်းတို့အတွက် တရားမျှတမှု ရှာဖွေဖော်ထုတ်ခြင်းတို့မှာ လုပ်သင့်လုပ်ထိုက်သည့် လုပ်ရပ် များ ဖြစ်ကြောင်း အသိပေးထားသည်။
ရာတွင် အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှုဆိုသည်မှာ ဥပဒေဖြင့် အာဏာသုံးကာ လုပ် ယူ ဖန်တီး၍မရပဲ CDM လှုပ်ရှားမှုတွင် မပါဝင်သူများကို ဥပဒေဖြင့် အရေးယူမည်ဆိုခြင်းက ဤအခြေခံ သဘောကိုပင် နားမလည်ရာ ရောက်နေပြီး မိမိသဘောဆန္ဒအလျောက် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ သူများ၏ ဂုဏ်သိက္ခာကိုလည်း ညှိုးနွမ်းစေကြောင်း ထောက်ပြထားသည်။
တော်လှန်ရေးတရပ် ဆင်နွှဲရာတွင် နိုင်ငံရေးဗျူဟာသည် လွန်စွာ အရေးကြီးပြီး မိမိအင်အားစုများ
ကို စုစည်း၊ ကြားလူကို စည်းရုံးကာ၊ ရန်သူ့လူများကိုပါ ကိုယ့်ဘက်သားဖြစ်လာရန် ကြိုးစားဆောင် ရွက်ရ မည်ဖြစ်ကြောင်း၊ သို့သော်လည်း CRPH ၏ ယခုဥပဒေသည် ဤတော်လှန်ရေးလိုအပ်ချက်နှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည်ကို ဝမ်းနည်းဖွယ် တွေ့မြင်ရကြောင်း ထပ်မံ ထောက်ပြထား သည်။
စစ်ကောင်စီ ယန္တရားအတွင်းတွင် ပြည်သူလူထုအား နေ့စဉ်နှင့်အမျှ ဖိနှိပ်ညှင်းပန်းနေသည့် ဝန်ထမ်း များ စွာရှိသည်မှာ အားလုံးအသိပင်ဖြစ်ကြောင်း၊ သို့သော် ၎င်းတို့အား အရေးယူရာတွင် ပြည်သူလူထု အပေါ် ၎င်းတို့ ကျူးလွန်သည့် ပြစ်မှုများအတိုင်းသာ အရေးယူရမည်ဖြစ်ကြောင်း ပြောဆိုထားသည်။
ထိုသို့မဟုတ်ဘဲ CDM လှုပ်ရှားမှုတွင် မပါဝင်သည့် ဝန်ထမ်းတိုင်းအား အရေးယူခြင်းသည် ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်လည်း ကွဲလွဲနေပြီး CRPH အနေဖြင့် Non-CDM ဝန်ထမ်းများအပေါ် သဘောထား သည် စစ်ကောင်စီ၏ CDM ဝန်ထမ်းများ အပေါ်ထားသော သဘောထားနှင့် ဘာများကွဲပြားပါ သေး သနည်းဟု မိမိကိုယ်ကို မေးခွန်းထုတ်သင့်ကြောင်း ထောက်ပြထားသည်။
Non CDM ဝန်ထမ်းများကို အရေးယူမည့်ကိစ္စသည် ခံစားချက်ကို အခြေခံကာ လက်ခုပ်သံ ခြူရမည့် ကိစ္စ မဟုတ်ကြောင်း၊ယခုဥပဒေ မပြဌာန်းရသေးမီ ကာလများ၌ပင် တော်လှန်ရေးဒေသများ၌ Non -CDM ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား ခွဲခြားဆက်ဆံခြင်းနှင့် ပြစ်ဒဏ်ပေးသည့် ဖြစ် စဉ်များ အများ အပြားရှိနေပြီး ဖြစ်ကြောင်း သိရသည်။
ဤအခြေအနေတွင် ယခုကဲ့သို့ ဥပဒေထုတ်ပြန်လိုက်ခြင်းမှာ ပိုမိုဆိုးရွားသည့် နောက်ဆက်တွဲ အ ကျိုးဆက်များစွာကို ဖိတ်ခေါ်ရာရောက်နေပြီး စံနှုန်းအရ၊ နိုင်ငံရေးအရ၊ အကျိုးဆက်အရ မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိသည့်အတွက် ဤဥပဒေကို ဗကသများအဖွဲ့ချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ဤဥပဒေကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို CRPH က တာဝန် ခံရမည် ဖြစ်ကြောင်း ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပြောဆိုသည်။
Thanlwin Myanmar Media