Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ကန်ဒေါင့်တိုက်ပွဲသို့ ပို့ဆောင်သည့် စစ်ကူစစ်ကြောင်းမှ စစ်ကြောင်းမှူး မိုင်းထိထားပြီး စစ်သား ၁ ဦးသေဆုံးကာ ဟိုတစ်စု၊ ဒီတစ်စု ဖြင့် တပ်ပျက်နေ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၅

 

စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်စခန်းသို့ ပို့ဆောင်သည့် စစ်ကြောင်းမှ စစ်ကြောင်းမှူး မိုင်းထိ ကာ စစ်သား ၁ ဦးသေဆုံးထားပြီး တပ်ပျက်နေကြောင်း ယင်းမာပင်ခရိုင်တပ် ရင်း ၁၂ – Guerilla Ranger တပ်ဖွဲ့ထံမှ သိရသည်။

 

ဇွန်လ ၇ ရက်နေ့က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ပုလဲမြို့နယ်၊ အင်မထီးရွာ ပျူစော ထီးစခန်းသို့ ရဟတ်ယာဉ်ဖြင့် အင်အား ၁၄၀ ခန့်ပို့ဆောင်ခဲ့ကြောင်း၊ ထိုသို့ ပို့ဆောင်ပြီးနောက် ကန်ဒေါင့်ရွာဘက်သို့ စစ်ကူစစ်ကြောင်းအဖြစ် ပို့ဆောင်စဉ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ တပ်ပျက်နေပြီး ဟိုတစ်စု၊ ဒီတစ်စုဖြင့် တပ် ပျက်နေကြောင်း သိရသည်။

 

“ထိတွေ့မှုဖြစ်တာ PLA နဲ့ဖြစ်တာပါ၊ စစ်ကြောင်းက ဟိုတစ်စု၊ ဒီတစ်စု အနေအထားပဲ၊ ကိုင်းတွင်းရွာ ထဲမှာ အင်အား ၃၀ လောက်ရှိတယ်။ တစ်ချို့လည်းပျောက်နေတာ၊ တစ်ချို့သေဆုံးသွားတာတွေရော တပ်ပျက်နေတဲ့အနေအထားပဲ၊ လက်ရှိတော့ တိုက်ပွဲကငြိမ်နေတယ်” ဟု ယင်းမာပင်ခရိုင်တပ် ရင်း ၁၂ – Guerilla Ranger တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ထိတွေ့တိုက်ပွဲများအတွင်း စစ်သား ၁ ဦးသေဆုံးထားကာ စစ်ကြောင်းမှူးမှာလည်း မိုင်းထိ ဒဏ်ရာရရှိထားသည်ဟု စစ်ကောင်စီစစ်ကြောင်းအတွင်းမှ ထွက်ပြေးလာပြီး အလင်းဝင်လာသူ စစ်သား ကိုထက်လင်း အောင် (ခ) ကိုကျော်ကို က ဝန်ခံထွက်ဆိုထားကြောင်း သိရသည်။

 

“ထိတွေ့တိုက်ပွဲမှာ သူတို့စစ်ကြောင်းမှူးလည်း မိုင်းထိထားတယ်လို့ ပြောတယ်။ သေဆုံးတာက တော့ အတိအကျမသိရဘူးလို့ ပြောတယ်။ သူနဲ့အလင်းဝင်မဲ့တစ်ယောက်သေသွားတာသိလို့ ပြော တယ်။ အဲဒါကြောင့် သူလည်း စစ်ကြောင်းထဲကနေ လစ်ထွက်ပြေးလာတာ၊ ပြီးတော့ ကျနော်တို့ ရဲဘော် တွေရှိ ကားကင်းပွိုင့်ဆီလာပြီး အလင်းဝင်ဖို့ဆိုပြီး ပြောတာ၊ ကြိုတင်ချိတ်ဆက်ထားတာ တော့မရှိဘူး။ ဖုန်းတွေလည်းအသိမ်းခံရတာဆိုတော့” ဟု ယင်းမာပင်ခရိုင်တပ် ရင်း ၁၂ – Guerilla Ranger တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

 

စစ်ကြောင်းအတွင်းမှ ထွက်ပြေးပြီး အလင်းဝင်ရောက်လာသူ စစ်သား ကိုထက်လင်း အောင်(ခ)ကို ကျော်ကိုသည် ၂၀၂၄ ခုနှစ်၊ ၁၀ လပိုင်းက အရက်သောက်ရန်ဖြစ်ရာက အချုပ် ၂ ပတ် ချခံရကာ စစ် သားအဖြစ် စုဆောင်းခံရသူဖြစ်ကြောင်း၊ ထို့နောက် ရေနီမြို့နှင့်တောင်ငူမြို့ တို့တွင် စစ်သင်တန်း ၅ လနှင့် စစ်မြေပြင် ၂ လတာဝန်ထမ်းဆောင်ကာ မုံရွာမြို့အခြေစိုက် အနောက် မြောက်တိုင်း စစ်ဌာနချုပ်သို့ ပို့ဆောင်ခံရသူဖြစ်ကြောင်း သိရသည်။

 

ထို့နောက် ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာတိုက်ပွဲသို့ စစ်ကူပေးရန် မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာန ချုပ် – နမခ ရဟတ်ယာဉ်ဖြင့် အင်မထီး ပျူစောထီးစခန်းသို့ ပို့ဆောင်ခြင်းခံရသူဖြစ်ကြောင်း၊ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခံရပြီးနောက် MA1 အမျိုးအစား သေ နတ် ၁ လက်၊ ကျည် ၄၅ တောင့်၊ မိုင်း ၁ လုံးနှင့်အတူ စစ်ကြောင်းအတွင်းမှ ထွက်ပြေးလာကာ ယင်း မာ ပင်ခရိုင် အမှတ် ၁၂ တပ်ရင်း – Guerilla Ranger ထံ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PNLA News

PNLA News

ဆီဆိုင်မြို့နယ်၊ တပူးထိုကျေးရွာအတွင်းဝင်ရောက်တပ်စွဲသည့် PNO ပြည်သူ့စစ်များက ပြည်သူ့နေ အိမ် ၆ လုံးကို မီးရှို့ဖျက်ဆီး၊ပအိုဝ်း ပြည်သူ ၆၀၀၀ ကျော်ကျေးရွာအတွင်းမှ မောင်းထုတ်ခံထားရ သဖြင့် ပြည်တွင်းပြည်ပရှိ မိဘပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြပါရန်မေတ္တာရပ်ခံ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊...