International News

International News

မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တံခါးပိတ်အစည်းအဝေးများ၏ အရေအတွက်သည် အရေးကြီး ခြင်းမ ဟုတ်ဘဲ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် လုံခြုံရေးကောင်စီ၏ မြန်ဆန်၊ ထိ ရောက်ပြီး ပြတ်သားမှုရှိသော အရေးယူ ဆောင်ရွက်ချက် ကသာ အရေးကြီးဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၅

 

မြန်မာနိုင်ငံနှင့်စပ်လျဉ်းသည့် တံခါးပိတ်အစည်းအဝေးများ၏ အရေအတွက်သည် အရေးကြီး ခြင်းမ ဟုတ်ဘဲ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် လုံခြုံရေးကောင်စီ၏ မြန်ဆန်၊ ထိ ရောက်ပြီး ပြတ်သားမှုရှိသော အရေးယူ ဆောင်ရွက်ချက် ကသာ အရေးကြီးကြောင်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆိုလိုက်သည်။

 

ဇွန်လ ၁၁ ရက်နေ့က ကျင်းပပြုလုပ်သည့်ကုလသမဂ္ဂအထွေထွေညီလာခံ၏ မျက်နှာစုံညီ အစည်း အဝေးတွင် လုံခြုံရေးကောင်စီ၏ အစီအရင်ခံစာ အပေါ် ဆွေးနွေးမှုပြုလုပ်ရာ ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“မြန်မာ့အရေးအတွက် လုံခြုံရေးကောင်စီက ကုလသမဂ္ဂပဋိညာဉ် စာတမ်း၏ အပိုဒ် ၃၁ နှင့် စပ် လျဉ်း ၍ အလိုရှိသည့်အခါမှသာ အသုံးချလျက်ရှိခြင်းသည် စိတ်မကောင်းဖွယ်ရာ ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံအခြေအနေကို အရေးယူဆောင်ရွက်ရန် ကို လုံခြုံရေးကောင်စီ မှ ဆွေးနွေးမှု အကြိမ် အ ရေ အတွက် ကိန်းဂဏန်းများကို လိုသလို အသုံးပြု၍ ရှောင်လွဲနေကြကြောင်း၊ မြန်မာ နိုင်ငံနှင့်စပ် လျဉ်းသည့် တံခါးပိတ်အစည်းအဝေးများ၏ အရေအတွက်သည် အရေးကြီးခြင်းမဟုတ် ဘဲ၊ မိမိတို့ မြန်မာပြည်သူများ၏ အသက်များကို ကယ်တင်နိုင်ရန် လုံခြုံရေးကောင်စီ၏ မြန်ဆန်၊ ထိရောက်ပြီး ပြတ်သားမှု ရှိသော အရေးယူ ဆောင်ရွက်ချက် ကသာ အရေးကြီးပါကြောင်း၊” ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောဆို လိုက် ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ အခြေအနေအား နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအတွက် ခြိမ်းခြောက်မှု တစ် ရပ်အဖြစ် ကောင်စီမှ လက်ခံစဉ်းစားရန် လိုအပ်ချက်နှင့် စပ်လျဉ်း၍ ပြောကြား လိုပါကြောင်း၊ မြန်မာ နိုင်ငံ၏ အခြေအနေသည် ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို သိသာထင်ရှား စွာ ခြိမ်းခြောက်လျက်ရှိပါကြောင်း၊ Global Organized Crime Index ၏ အဆိုအရ၊ မြန်မာနိုင်ငံ သည် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးတွင် ဂိုဏ်းဂဏဖွဲ့ ရာဇဝတ် ကျူးလွန်မှု အများဆုံးနိုင်ငံ အဖြစ် ရပ်တည်လျက်ရှိပြီး အွန်လိုင်းအခြေပြုမှုခင်းများ တိုးပွားလာမှုကြောင့် လူကုန်ကူးမှုပြဿနာ များ လည်း ပိုမိုဆိုးရွားလာကြောင်း ဆက်လက်ထောက်ပြထားသည်။

 

ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး၏ အချက်အလက်များအရ အွန်လိုင်း ငွေလိမ်ဂိုဏ်းများ သည် နှစ်စဉ် အမေရိကန်ဒေါ်လာ ဘီလီယံ ချီ၍ ဝင်ငွေရရှိကြကြောင်း၊ မြန်မာနိုင်ငံအခြေအနေ၏ အရင်းခံအကြောင်းတရားများနှင့် နိုင်ငံဖြတ်ကျော် အုပ်စုဖွဲ့ ကျူးလွန်သည့် ရာဇဝတ်မှုများ မြင့်တက် လာခြင်းကို ကိုင်တွယ်ဖြေရှင်းရန် နိုင်ငံတကာမှ အရေးပေါ် ကြားဝင်ဆောင်ရွက်ပေးမှုများ သိသိ သာ သာ လိုအပ်နေသည်မှာ ထင်ရှားပြီး အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာအထူး ကိုယ်စားလှယ်၊ အထူးအစီရင်ခံစာ တင်သွင်းသူ နှင့် အာဆီယံအဖွဲ့တို့ကလည်း ဤပဋိပက္ခ၏ ကမ္ဘာ လုံးဆိုင်ရာ အကျိုး သက်ရောက်မှုများနှင့် စပ်လျဉ်း၍ အလေးအနက်ထား အတည်ပြုပြောကြားခဲ့ ကြပြီး ဖြစ်ကြောင်း သိရသည်။

 

ထို့ကြောင့် လုံခြုံရေးကောင်စီသည် ဤငြင်းဆိုမရသော အထောက်အထားများကို အခြေပြု ၍ လို အပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်ရန်လိုအပ်ပါကြောင်း ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက‌ တောင်းဆိုထားသည်။

 

စစ်အုပ်စု သည် မတရား စစ်အာဏာသိမ်းရန် ကြိုးပမ်သည့်အချိန်မှ စ၍ ယခု အချိန်အထိ လူပေါင်း ၆၈၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး၊ လူပေါင်း ၃.၅ သန်းကျော် အိုးအိမ်များကို စွန့်လွှတ် ထွက်ပြေးနေရ ကြောင်း၊ လူပေါင်း သန်း ၂၀ ကျော် မှာ လူသားချင်းစာနာမှု အကူအညီ လိုအပ်ချက်ရှိပြီး ပြင်းထန် သည့် ငလျင်ဒဏ်ခံရပြီးသည့်တိုင် စစ်အုပ်စုက ပြည်သူများအပေါ် အကြမ်းဖက်မှု၊ သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်လျက်ရှိကြောင်း သိရသည်။

လုံခြုံရေးကောင်စီမှ အရေးတကြီး အရေးယူဆောင်ရွက်ရန် လိုအပ်နေသော်လည်း၊ အခု အထိ အရေး ယူဆောင်ရွက်ခြင်း မရှိဘဲ တိတ်ဆိတ်လျက်ပင် ရှိနေသေးကြောင်း ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဆက်လက်ပြောဆိုသည်။

 

မြန်မာနိုင်ငံကိစ္စကို အာဆီယံ တစ်ခုတည်းက ကိုင်တွယ်ရန် မဖြစ်နိုင်ပဲ အာဆီယံ၏ ဘုံသဘောတူညီ ချက် ၅ ရပ် ကို အကောင်အထည်ဖော်ရေးတွင် ကုလသမဂ္ဂ အနေဖြင့် အကောင်းဆုံး ကူညီပေးရန် လည်း ထုတ်ဖော်ပြောကြားထားပြီးဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ် သက်၍ ချမှတ်ထားသည့် ဆုံးဖြတ်ချက် ၂၆၆၉ ကို ထိရောက်စွာ အကောင်အထည်ဖော်ရေး နှင့် ပုံမှန်အစီရင်ခံမှု ယန္တယား ထားရှိရေး စသည့်အချက်များ ပါဝင်သည့် နောက်ဆက်တွဲ ဆုံးဖြတ်ချက် အဆို ကို ချမှတ်ရန် လိုကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

 

စစ်အုပ်စု က အရပ်သားများကို ထပ်မံသတ်ဖြတ်မှုများ ရပ်တန့်စေရန် အထွေထွေ ညီလာခံအနေဖြင့် အခြားသော သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ အေဂျင်စီ များနှင့် အတူ အလေးအနက်ထားကာ သင့် တင့်လျောက်ပတ်သော ဆောင်ရွက်ချက်များဖြင့် အရေးယူ ဆောင်ရွက်ပေးသင့်ကြောင်း ကုလ သမဂ္ဂ ဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
International News

International News

စစ်ကောင်စီးကို ILO ဥပဒေပုဒ်မ ၃၃ အရ အရေးယူရေးမှုသည် ပြည်သူ့အောင်ပွဲဖြစ်ပြီး စစ်ကောင်စီ အတွက် နိုင်ငံရေး၊ ဘဏ္ဍာရေးတွင် ပိုမိုအထိနာမည်   သံလွင်မြန်မာသတင်း ဇွန်လ ၈   မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီကို ILO ဥပဒေ ပုဒ်မ ၃၃ အရ အရေးယူမှု...