TNLA News

TNLA News

နောင်ချိုမြို့နယ်အတွင်း နေရာ ၃ နေရာ၌ စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက် ပွဲဖြစ်

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၄

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့နယ်အတွင်း နေရာ ၃ နေရာ၌ စစ်ကောင်စီတပ်နှင့် တအာင်း တပ်မတော်-TNLAတို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေ ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေး ဌာန က ထုတ်ပြန်သည်။

 

ယမန်နေ့ မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်က နောင်ချိုမြို့နယ်၊ ရွှေသွန်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲထပ်မံဖြစ် ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ၃၅ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး ပစ်ကူ ပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အလားတူ နောင်ချိုမြို့နယ်၊ ပိန္နဲကုန်းနှင့် ညောင်တောကျေးရွာဘက်တွင်လည်း စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော်-TNLAတို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၎င်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက် နက်ကြီး ၄၁ လုံးနှင့် ဒရုန်းဖြင့် ဗုံးသီး ၇ လုံး ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ဇွန်လ ၁၂ ရက်နေ့လည်း နောင်ချိုမြို့နယ် ၊ ကန်ကြီးကျေးရွာဘက်တွင် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီ တပ်က လက်နက်ကြီး အလုံး ၅၀ နှင့် ဒရုန်းဖြင့် ဗုံးသီး ၁၅ လုံးတို့ကို ပစ်ကူခဲ့တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ်ဆင်များ ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် ၁ လ သက်တမ်းထပ်တိုးထားနေစဉ် စစ်ကောင်စီတပ်မှ အခွင့်ကောင်းယူပြီး အဆက်မပြတ်ထိုးစစ်ဆင် နေသောကြောင့် ‌နောင်ချိုမြို့နယ်အတွင်း၌ တိုက်ပွဲများ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း အသိ ပေးထားသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုများ ရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိ ရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာ နည်းလမ်းများလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈...