ရေဖြူမြို့နယ်၊ ဧကနီကျေးရွာအနီးတွင် ၂ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး ထက်မနည်းသေဆုံး
သံလွင်မြန်မာသတင်း
ဇွန်လ ၁၄
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာအနီးတွင် ၂ ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။
မေလ ၂၉ ရက်နေ့က ရေဖြူမြို့နယ်၊ ဧကနိကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာသောအကြမ်း ဖက် စစ်တပ်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၂ ကြာတိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ထိတွေ့မှုဖြစ်ပွားရာနေရာမှ ပြန်လည် ဆုတ်ခွာထွက်ပြေးသွားကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ရေဖြူပကဖ) ထားဝယ်ခရိုင်အမှတ် ၁ တပ်ရင်း – T1 ၊ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်(TPLF) သာဂရစစ်ကြောင်း ၊ ဒေါနတပ်ရင်း
တပ်ခွဲ-၆ (ဝေဟင်) ၊ တပ်ခွဲ-၇ (LPF) ၊ နဂါးနီပြောက်ကျားတပ်ဖွဲ့ နှင့် ရွှေဘီလုံး တပ်ဖွဲ့တို့ ပူးပေါင်း ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရေဖြူမြို့နယ်ပူးပေါင်းမဟာမိတ်အဖွဲ့သည် စုဖွဲ့မှုပိုမိုကောင်းမွန်စွာဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်ကို တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံတပ်သားများအနေဖြင့်လည်း ပြည်သူလူထုနှင့်အတူအမြန်ဆုံးပူးပေါင်းပါဝင်ကြရန် အသိပေးထုတ်ပြန်ထားသည်။
Thanlwin Myanmar Media