Tanintharyi News

Tanintharyi News

သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသား ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများ ရေချိုးနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၄

 

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြင်းဖြူသား ဘုန်းကြီးကျောင်း၌ တပ်စွဲထား သော စစ်သားများရေချိုးနေစဉ် ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၂၉ ရက်နေ့က သရက်ချောင်းမြို့နယ်၊ ဝင်းဝစခန်းကို အင်အားဖြည့်ရန်အတွက် ထွက်လာ သော အကြမ်းဖက်စစ်သား ၇၀ ခန့်သည် ပြင်းဖြူသားဘုန်းကြီးကျောင်းသို့ရောက်ရှိချိန် ခေတ္တစခန်း ချရပ်နားခဲ့ကြောင်း သိရသည်။

ထိုသို့ ယာယီတပ်စွဲနေသော စစ်သားများအနက် ရေချိုးနေသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် စစ်သား များ အသုံးပြုသော စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အမှတ် (၁၈၁၄) ဒရုန်းတပ်ရင်း- (DS -TNI) ၊ T5 Wings နှင့် ဒေါင်းညီနောင် ဒရုန်း တပ်ဖွဲ့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈...