Magway News

Magway News

နတ်ရေကန်လေကြောင်းရန်တပ်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၃

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေး လာ စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) ထံမှ သိရ သည်။

 

ဇွန်လ ၈ ရက်နေ့မှ ၁၂ ရက်နေ့က ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး တပ်စခန်း (ဗျူဟာကုန်း) အနီး မီတာ ၁၅၀၀ အကွာ၌ ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) တပ်ဖွဲ့ဝင် များက နတ်ရေကန်လမ်းကြောင်းဖြတ်တောက်ရေး လုပ်ဆောင်နေစဉ် နတ်ရေကန်လေကြောင်း ရန်ကာကွယ်ရေးတပ်စခန်း (ဗျူဟာကုန်း) မှ ထွက်ပြေးလာသော စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိခဲ့ ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်သားများနှင့်အတူ MA – 1 အမျိုးအစား သေနတ် ၅ လက်၊ MA- 3 အမျိုးအစား သေနတ် ၃ လက်နှင့် ခဲယမ်းအချို့လည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

ထိုသို့ ဖမ်းဆီးရရှိခဲ့သော စစ်သုံ့ပန်းများသည် စစ်မှုမထမ်းမနေရ ဥပဒေကြောင့် အတင်း အဓမ္မ ပေါ် တာဆွဲခံရ၍ စစ်မှုထမ်းနေရသူများဖြစ်ကြောင်း၊ ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြပါရန် တိုက် တွန်းအပ်ပါကြောင်း ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲ တိုက် ခိုက်မှု အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၉ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၇ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့နယ်၊ မန်ဟုန်း‌ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လေ ကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် ၂ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအ၀င် ပြည်သူ ၉ ဦး သေဆုံးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ...