Bago News

Bago News

ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ပေါ်၌ တပ်စွဲထားသော စစ်သားများကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး၊ ကား ၂ စီးသိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၂

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့ပေါ်ရှိ စစ်သားများကို၊ ဒရုန်း၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ပြီး ကား ၂ စီး သိမ်း ဆည်းရရှိခဲ့ကြောင်း ဖြူးမြို့နယ် ပကဖ ထံမှ သိရသည်။

 

ဇွန်လ ၁၀ ရက် ည ၉ နာရီ ၄၅ မိနစ်က ဖြူးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ ဇေယျဝတီ မြို့ ဘူတာရုံနှင့် ဇေယျဝတီမြို့ အရှေ့ဘက် သကြားစက်တို့တွင် ကင်းပုံးချထားသော စစ်ကောင်စီ တပ်သားများကို ဖြူးမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် ဇေယျဝတီမြို့ တောင်ဘက်ရှိ စစ်ကောင်စီတပ်စွဲထားသော ဆားဂွန်းဂိတ်ကို ဖြူးမြို့နယ် ပကဖ ဒရုန်း အဖွဲ့မှ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

ဇေယျဝတီမြို့ ဘူတာရုံနှင့် သကြားစက်ရှိ စစ်ကောင်စီတပ်သားများကို ဖြူးမြို့နယ် ပကဖ တိုက်ခိုက် ရေးအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ချိန်တွင် စစ်ကောင်စီတပ်သားများထွက်ပြေးသွားသဖြင့် ၎င်းတို့စီးနင်း လာသော အိမ်စီးကားနှစ်စီးကို ဖြူမြို့နယ် ပကဖ အဖွဲ့မှသိမ်းဆည်းခဲ့ကြောင်း သိရသည်။

 

ဇေယျဝတီမြို့ပေါ်ရှိ ဘူတာရုံနှင့် သကြားစက်တို့တွင် အထိုင်ချသော စစ်ကောင်စီတပ်သားများသည် အကြမ်ဖက် တပ်သားစုဆောင်းခြင်း၊ ပြည်သူများထံမှ ငွေကြေးများကို မတရားတောင်းယူခြင်းများကို ပြုလုပ်နေသူများဖြစ်ပြီး ထိုသို့ ပြုလုပ်နိုင်ရန်အတွက် စစ်တပ်မှ အသွင်ပြောင်းထားသူ ဇေယျဝတီ သကြားစက်ရုံမှ စက်ရုံမှူး၊ဒုစက်ရုံမှူးများမှ အိမ်စီးကားများကို ကူညီပေးထားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား အလောင်း ၄ လောင်းနှင့် လက်နက် ၆ သိမ်းဆည်းရရှိ

ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်မှု စစ်သား အလောင်း ၄ လောင်းနှင့် လက်နက် ၆ သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ် -မုံရွာလမ်းပေါ်ရှိ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို ဝင် ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားအလောင်း ၄ လောင်းနှင့် လက်နက် ၆ လက်သိမ်းဆည်းရရှိခဲ့ကြောင်း မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်းထံမှ သိရသည်။ အောက်တိုဘာလ ၄ ရက် ညနေ...