TNLA News

TNLA News

နမ္မတူမြို့နယ်၊ မန်လီကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်မှုဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူလူထုနေအိမ်အချို့ ပျက်စီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၂

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ တပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချ တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၊ စာသင် ကျောင်းနှင့် ပြည်သူ့နေအိမ်အချို့ထိခိုက်ပျက်စီးခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။

 

ယနေ့ ဇွန်လ ၁၂ ရက် နံနက် အစောပိုင်း ၁ နာရီ ၁၀ မိနစ်ခန့်က ၁ ကြိမ်၊ နံနက် ၁ နာရီ ၁၇ မိနစ်တွင် တစ်ကြိမ် တအာင်းပြည်၊ တပ်မဟာ ၈ နယ်မြေ၊ နမ္မတူမြို့နယ် မန်လီကျေးရွာကို စစ်ကောင်စီတပ် က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုများကို ဦးတည်၍ ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် ပြည်သူလူထုများ၏ နေအိမ် တချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က မန်လီကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆရာမတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုကြောင့် မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှု အန္တရာယ်မှ ရှောင်ရှားနိုင်ရန် စစ်ရေးသတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန်အတွက် လေ ကြောင်းရန်ကာကွယ် ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံး ကို မီးရှို့ဖျက်ဆီး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၈ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးရွာကို အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်၊ အဆောက်အအုံ ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယောအလင်းတန်းထံမှ သိရသည်။ ယနေ့ အောက်တိုဘာလ ၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ဂန့်ဂေါမြို့၊ ခလရ ၅၀...