Magway News

Magway News

ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၁

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေးလာသည့် စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ အရှင်ဖမ်းမိခဲ့ကြောင်း CDF – Asho ထံမှ သိရသည်။

 

ဇွန်လ ၄ ရက်နေ့တွင် နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေး တပ်စခန်းမှ ရှေ့တန်းကာကင်း တာဝန် ထမ်းဆောင်နေစဉ် ထွက်ပြေးလာသော စစ်မှုထမ်း တပ်သားသစ် ၃ ဦးကို Chin Defence Force Asho တပ်ဖွဲ့မှ ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိသော စစ်မှုထမ်းတပ်သားသစ် ၃ ဦးထံမှ MA အမျိုးအစား လက်နက်ငယ် ၃ လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးစခန်း၌ တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီ တပ်ဖွဲ့ ဝင် များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက် ဆက်သွယ်ပြီး အမြန်ဆုံး အလင်းဝင် ပူးပေါင်းကြရန် ချင်းကာကွယ်ရေးတပ် – အရှိုက တိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
CDM News

CDM News

CDM ဝန်ထမ်းများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်နှင့် CDM မလုပ်သော အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဝန်ထမ်းများကို အရေးယူနိုင်ရေးအတွက် CDM ဥပဒေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော် မတီ - CRPH က ပြဌာန်းအတည်ပြု   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   အကြမ်းဖက်မဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု - CDM...