Sagaing News

Sagaing News

ကောလင်းမြို့နယ်၊ ကံကုန်းကျေးရွာနှင့် ဖလဲကျေးရွာတို့ကို စစ်တပ် လေကြောင်းဖြင့် ဗုံးကျဲတိုက် ခိုက်မှု အမျိုးသမီး ၁ ဦးသေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိ

 

သံလွင်မြန်မာသတင်း

ဇွန်လ ၁၀

 

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကံကုန်းကျေးရွာနှင့် ဖလဲကျေးရွာတို့ကို အကြမ်းဖက်စစ်ကောင်စီ တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း Kawlin Revolution – KR ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၉ ရက် ည ၉ နာရီ ၂၀ မိနစ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကောလင်းမြို့နယ်နှင့် ဝန်း သိုမြို့နယ်အစပ် ကံကုန်း ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ၏ တံတားဦးမှ တက်လာသော ဂျက် ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲပစ် ခတ်တိုက်ခိုက်ခဲ့ရာ သားအဖနှစ်ဦး ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး သမီးဖြစ် သူမှာ သေဆုံး၍ ဖခင်ဖြစ်သူမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့အပြင် ကောလင်းမြို့နယ် အရှေ့ခြမ်းရှိ ဖလဲကျေးရွာကိုလည်း အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ ဦး ၊ အမျိုးသား ၁ ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ပြည်သူ့နေအိမ် ၆ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Photo – ကံကုန်းကျေးရွာပေါ်သို့ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ပျက်ဆီးသွားသည့် နေအိမ် အချို့

Thanlwin Myanmr Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

နတ်ရေကန်လေကြောင်းရန်တပ်စခန်းမှ ထွက်ပြေးလာသော စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၃   မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းမှ ထွက်ပြေး လာ စစ်သား ၂၃ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် - အရှို (CDF...