နောင်ချိုမြို့နယ်၊ ပိန္နဲကုန်းရွာနှင့် ကန်ကြီးကျေးရွာကြားတွင် တိုက်ပွဲဖြစ်
သံလွင်မြန်မာသတင်း
ဇွန်လ ၉
ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ နောင်ချိုမြို့နယ်၊ ပန္နဲကုန်းကျေးရွာနှင့် ကန်ကြီးကျေးရွာ ကြားတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၉ ရက် နံနက် ၈ နာရီ ၅၀ မိနစ်ကတအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊ နောင်ချိုမြို့၊ နယ်ရှိ တအာင်းတပ်မတော် TNLA တည်ရှိရာကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်လာ သဖြင့် ပိန္နဲကုန်းနှင့် ကန်ကြီးကျေးရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း စစ်ကောင် စီတပ်မှ လက်နက်ကြီး ၂၇ လုံး ပစ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့ကလည်း နောင်ချိုမြို့နယ်ရှိ ကျေးရွာများဖြစ်သည့် ရှောက်ခြံကျေးရွာ၊ ကန်ကြီးကျေးရွာနှင့် လက်ပန်ကုန်းကျေးရွာတိုတွင် စစ်ကောင်စီတပ်မှထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
တဖက်သတ် အပစ်ရပ်ထားသည့် စစ်ကောင်စီတပ်သည် တိုက်ပွဲအတွင်း ဒရုန်းဖြင့် ဗုံး ၁၂ လုံးနှင့် လက်နက်ကြီး ၁၈ လုံး ပစ်ကူတိုက်ခိုက်ခဲ့ကြောာင်း သိရသည်။
အလာတူ ဇွန်လ ၇ ရက်နေ့ကလည်းတအာင်းတပ်မတော် TNLA တည်ရှိရာ ကန်ကြီးကျေးရွာ၊ ညောင် တောနှင့် နောင်ချိုကြီးကျေးရွာတို့ဘက်တွင် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်နှင့် တအာင်းတပ် မတော်တို့ကြား တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်ကလည်း စစ်ကောင်စီတပ်က နောင်ချိုမြို့အတွင်းသို့ လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ရာ အမျိုးသား ၂ ဦးနှင့်အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ၂ လုံးနှင့် ဘုန်းကြီးကျောင်း ၁ ကျောင်း ဗုံးစထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ငလျင်ဒဏ်သင့်ပြည်သူများနှင့် လူသားချင်းစာနာထောက်ထားရေး လုပ် ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက်တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင် ထိုးစစ် များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်ဖက်သတ် အပစ်ရပ်ကာလကို နောက်ထပ် ၁ လ သက်တမ်း ထပ်တိုးကြောင်း ဇွန်လ ၂ ရက်တွင်ထုတ်ပြန် ကြေညာထားသည်။
သို့သော်လည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့နယ်အတွင်း ထိုးစစ်ဆင်ခြင်း၊ စစ်အင်အား ဖြည့်တင်း ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲချခြင်း၊ လေကြောင်းနှင့် လက်နက်ကြီးများပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း၊ ထို့ကြောင့် မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်၏ တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေး သတိအမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှ ကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ် ရေးဆိုင်ရာ နည်းလမ်းများ လိုက်နားဆောင်ရွက်ရန် လိုအပ်ပါကြေင် ထုတ်ပြန်ထားသည်။
Thanlwin Myanmar Media