ကြို့ပင်ကောက်မြို့နယ်၊ ကိုင်းယားရှည်ရွာတွင် ဂိတ်ထိုင်ပြီး ငွေကောက်နေသည့် စစ်တပ်မှ တကက စိုးရာဇာ ပစ်ခတ်ခံရပြီး သေဆုံး
သံလွင်မြန်မာသတင်း
ဇွန်လ ၈
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ကိုင်းယားရှည်ရွာတွင် ဂိတ်ထိုင်ပြီး ငွေကောက်နေသည့် အကြမ်း ဖက် စစ်တပ်မှ တကက စိုးရာဇာကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးခဲ့ကြောင်း တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျား တပ်ဖွဲ့မှ ထံမှ သိရသည်။
ယနေ့ ဇွန်လ ၇ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ကိုင်းယားရှည်ရွာ၌ ဂိတ်ထိုင်ပြီး ငွေကောက်နေသည့် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး စိုးရာဇာ ကို တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျားတပ်ဖွဲ့မှ တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှု အတွင်း တကကစိုးရာဇာမှ, ပွဲချင်းပြီးသေဆုံးခဲ့ပြီး ၎င်းထံမှ လက်ပစ်ဗုံး ၁ လုံး ၊ ကျည် ၉ တောင့် ၊ ဆိုင်ကယ် ၁ စီး၊ ဖုန်း ၁ လုံး ၊ ငွေကျပ် ၁၅၀၀၀ ၊ မှတ်ပုံတင် နှင့် စစ်မှုထမ်း ဟောင်း ကတ်ပြား တို့ကို သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။
“သူက စစ်ခွေး တပ်ကြပ်ကြီးပါ။ ကျနော်တို့ ဝင်ပစ်တဲ့ အချိန်မှာ သေနတ်ကျည် ၃ ချက်ထိမှန်ပြီး ပွဲ ချင်း ပြီးသေဆုံးတယ်။ ကိုင်းယားရှည်ရွာမှာ ဂိတ်ထိုင်ပြီး ငွေကောက်ခံနေတဲ့ အချိန် ဝင်ပစ်ခဲ့တာပါ” ဟု တပ်ရင်း ၃၈၀၁ တပ်ခွဲ ၅ ကြို့ပင်ကောက် HERO ပြောက်ကျား တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
Thanlwin Myanmar Media