SSPP/SSA News

SSPP/SSA News

စစ်ကောင်စီကို တိုက်ခိုက်တော့မည်ဖြစ်ပြီး ပြည်သူလူထုအားလုံးကြိုးစားတိုက်ပွဲဝင်ကြရန် SSPP/SSA ဒုဥက္ကဌ ဒုတိယဗိုလ်ကြီး စပ်ခွန်ဆိုင်က စစ်ကြေညာ

 

D Day News

မေလ ၃

 

နိုင်ငံရေး နည်းလမ်းနှင့် အဖြေရှာမရတော့သဖြင့် စစ်ရေးနည်းလမ်းဖြစ်သည့် တိုက်ခိုက်ခြင်းဖြင့်သာ အဖြေရှာရတော့မည်ဖြစ်ကြောင်း SSPP/SSA ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး စပ်ခွန်ဆိုင်က ယနေ့ မေလ ၃ ရက် နေ့တွင် တရားဝင်ထုတ်ဖော် ကြေညာလိုက်သည်။

 

“နိုင်ငံရေးကိုနိုင်ငံရေး လမ်းစဉ်နဲ့ စားပွဲဝိုင်းပေါ်မှာ တွေ့ ဆုံဆွေးနွေးခဲ့တာ ပင်လုံစာချုပ် စချုပ်ကထဲ ကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပါပြီ။ စစ်အုပ်စု အဆက်ဆက်က တိုင်းရင်းသား လူနည်းစုတွေကို ဝါးမြိုပြီး ပင်လုံစာချုပ်မှာ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ အချက်တွေကို မလိုက်နာခဲ့ကြပါဘူး။ စစ်ကောင်စီတွေ အာဏာသိမ်းပြီး နောက်မှာလဲ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေဟာ စား ပွဲဝိုင်း ပေါ် ဆွေးနွေး ညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းတွေ လုံးဝ မဖြစ်နိုင်တော့တဲ့ အနေအထား ဖြစ်ခဲ့ပါ တယ်။ အခြေအနေ လုံးဝ မပေးနိုင်တော့တဲ့ အဆုံး လက်နက်ကိုင်တော်လှန်မယ့်လမ်းစဉ်ကို ရွေး ချယ်ခဲ့ရတာ ဖြစ်ပါတယ်” ဟု SSPP/SSA ဒုဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြား သည်။

 

စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော်ကြီး တည်ထောင်နိုင်ရန် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မဟာ လူမျိုး ကြီး ဝါဒ ကျင့်သုံးသည့် စစ်အုပ်စု အဆက်ဆက်က လစ်လျူရှု ပစ်ပယ်ကာ တပြည်ထောင် စနစ်တည်ဆောက်ခဲ့သောကြောင့် ယခုလို ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆို သည်။

စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်ဖို့ အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် ဦး ဆောင်မှု အောက်ကနေ ပြတ်ပြတ်သားသား လုပ်ဆောင်ကြရန်နှင့် တော်လှန်ရေး တပ်ဖွဲ့များ အပါ အဝင် ပြည်သူလူထု အားလုံးကြိုးစား တိုက်ပွဲဝင်ကြရန် ဆက်လက် တိုက်တွန်း နှိုးဆော်ခဲ့သည်။

 

“တွေဝေနေလို့ မဖြစ်တော့ပါဘူး ၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေး ပြ ဿနာကို နိုင်ငံရေး နည်းလမ်းနဲ့ တွေ့ဆုံ ဆွေးနွေး အဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန် မှာ တော့ အဖြေရှာဖို့ လမ်း စဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မ နက် ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့ အတွက် ဒီနေ့ ရုန်းကန်ရ ပါမယ်” ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြားသည်။

 

SSPP/SSA သည် ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ် အဆင့်နှင့် ပြည်ထောင်စု အဆင့် ပဏာမ အပစ်ရပ် စာချုပ်များ လက်မှတ်ရေးထိုးခဲ့သော်လည်း စစ်တပ်နှင့် တိုက်ပွဲများ တခါ တ ရံ ဖြစ်ပွားခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်များ အတွင်း SSPP/SSA ဌာနချုပ်ရှိရာ ဝမ်ဟိုင်း ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ရာ ကြီးမားသည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...