Bago News

Bago News

အုတ်တွင်းမြို့နယ်၊ အထက် ခပေါင်းဆည် ရေလွှဲတမံရှိ စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန် ၇

 

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ် အထက် ခပေါင်းဆည် ရေလွှဲတမံရှိ အကြမ်းဖက် စစ်တပ် ဂိတ်စခန်းနှင့် စစ်ကူ စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၁ ဦးသေဆုံးပြီး လက်နက် ၄ လက် သိမ်းဆည်းရရှိခဲ့ ကြောင်း A. D.G Brothers တပ်ဖွဲ့က ထုတ်ပြန်သည်။

 

ဇွန်လ ၃ ရက်နေ့ နံနက် ၅ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ် အတွင်းရှိ အထက် ခပေါင်းဆည် ရေလွှဲတမံ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့ များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၂ နာရီခန့် ကြာမြင့်ခဲ့ပြီး စခန်းတစ်ခု လုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ယင်းစခန်းသိမ်း တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးကာ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့ ကိုင်ဆောင်အသုံးပြုသော G3 အမျိုး အစား သေနတ် ၃ လက် ၊ MA-11 အမျိုးအစား သေနတ် ၁ လက်၊ အီနာဂါ ၅ လုံး ၊ လက်ပစ်ဗုံး ၁ လုံး နှင့် ကျည်ကာ ၂ ထည် တို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ ထို့အပြင် စခန်းကို မီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ စခန်းသိမ်းပြီးနောက် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ်၏ စစ်ကူစစ်ကြောင်းကို ထပ်မံ ၍  မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦး ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

 

“အဲနေ့ တိုက်ပွဲက စုစုပေါင်း ၁၁ ယောက်သေတယ်။ ၄ ယောက်ဒဏ်ရာရတယ်။ ။ အဲဒီဂိတ်စခန်းက အရင်ကတော့ ၁၅ ယောက်ကျော်ရှိတယ်။ ကျနော်တို့ သွားတိုက်တဲ့နေ့မှာတော့ ၇ ယောက်ပဲရှိတယ်” ဟု A. D . G Brothers တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ငူခရိုင်တပ်ရင်းအမှတ် ၃၅၀၁ ၊ တပ်ခွဲ ၁ A. D.G Brothers တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကင်းလှည့်ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကင်းလှည့်ထွက်လာသော စစ်သားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး

သံလွင်မြန်မာသတင်း အောက်တိုဘာလ ၁၃ အကြမ်းဖက်စစ်ကောင်စီဌာနချုပ် ရုံးစိုက်ရာ နေပြည်တော်၊ တပ်ကုန်းမြို့နယ်တွင် ကင်းလှည့်ထွက် လာသည့် စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း မြို့သစ်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ ထုတ်ပြန်သည်။ စက်တင်ဘာလ ၁၅ ရက် ညနေ ၃ နာရီ...