Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်လာသော ပျူစောထီး ၁ ဦးပစ်ခတ်ခံရပြီးသေဆုံး၊ လက်နက် တစ်လက် သိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဇွန် ၆

 

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ထွက်လာသော ပျူစောထီး ၁ ဦးကို ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး လက်နက်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း Pale Joker PDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၅ ရက်နေ့က ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ထွက်လာသော ပျူစော ထီးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားပြီး ၎င်းနှင့်အတူပါလာသော သေနတ် တစ်လက်၊ ကျည်ဘောက် ၂ ခုနှင့် ကျည်ဆံများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ လုပ်ဆောင်မှုကို ယင်းမာပင်ခရိုင် အမှတ် ၁၉ တပ်ရင်း – Pale Joker PDF ၊ ဗျူဟာ ၄၈ မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ အောင်မြင် ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာကမ်းစပ်ရှိ ပြည်သူပိုင်လှေကို လာရောက်ခိုးယူသော စစ်သား များကို တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇူလိုင်လ ၂၂   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းကျေးရွာအနီး ကမ်းစပ်၌ ဆိုက်ကပ်ထားသော ပြည်သူပိုင် လှေတစ်စီးကိုလာရောက်ခိုးယူသော စစ်သားများအား ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား...