Sagaing News

Sagaing News

ရွှေဘိုမြို့တောင်ဘက်အထွက်မုခ်အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦး သေဆုံး၊ စစ်တပ်က လက် နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ တစ်ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇွန် ၆

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက်မုခ်ပေါက်အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၃ ဦးသေဆုံးကာ စစ် တပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ဇွန်လ ၄ ရက် ညနေ ၄ နာရီ ၄၅ မိနစ်က ရွှေဘိုမြို့မုခ်ဦးတောင်ဘက်သို့ ကင်းထွက်လာသော အ ကြမ်းဖက်စစ်သားများကို လက်ဦးမှုရယူတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီခွဲခန့် ကြာမြင့်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာအများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ဖရိုဖရဲဖြင့် ရွှေဘိုမြို့တွင်း သို့ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“ရွှေဘိုမြို့ထဲကနေ ထွက်လာတာပါ၊ တိုက်ပွဲဖြစ်တာက မြို့အထွက် တောင်ဘက်မုခ်အနီးဖြစ်တဲ့ အတွက် စခတွေက လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့လို့ လက်နက်ကြီးစထိပြီး ပြည်သူတစ်ဦး သေဆုံးတာ။ တိုက်ပွဲဖြစ်ပြီးတော့ စခတွေက ရွှေဘိုမြို့ ကာကြီးဝင်းဖက်နဲ့ ရွှေဘိုမြို့အနောက်ဖက် မင်းကုန်း စခခြံထဲကို အင်အားတွေ သွားပေါင်းတယ်လို့ သိရတယ်” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာ ကွယ် ရေးအဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း သေဆုံးသွားသော စစ်သား ၃ ဦး အလောင်းကို ရွှေဘိုမြို့အတွင်းမှ နာရေး ကား ၂ စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း ရဲဘော် ၃ ဦး မစိုးရိမ်ရဒဏ်ရာရှိခဲ့ကာ ရွှေဘိုမြို့ကညန စစ်တပ်စခန်းအတွင်းမှ ရမ်းသမ်းပစ်ခတ်သော လက် နက်ကြီး ကျည်ကျရောက်ပေါက်ကွဲကာ ပြည်သူ ၁ ဦး သေဆုံးကာ ရပ်ကျေးပအဖ တာဝန်ခံတစ်ဦးနှင့် ပကဖ ရဲဘော်တစ်ဦးတို့ မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် မေလ ၃၁ ရက်နေ့ကကတည်း ရွှေဘိုမြို့အနောက်ဘက် ခြမ်းသို့ စစ်ကြောင်းထို့ရန် စစ်သား၊ ပျူစောထီး အင်အား ၁၀၀ ခန့်ဖြင့် ထွက်ခွာလာခြင်းဖြစ်ပြီး ပြည် သူ့ ကာကွယ်ရေးတပ်ဖွဲ့များ၏ ပိတ်ဆို့ထားမှုကြောင့် ၅ ရက်ကြာသည်အထိ ထွက်ခွာနိုင်ခြင်းမရှိပဲ ပြန်ဆုတ်သွားရခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောကျီးကန်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ် ရေး ပကဖ ၊ မြို့နယ်တိုက်ခိုက်ရေးအဖွဲ့PDO ၊ ရွှေဘိုမြို့နယ် တိုက်နယ် ၅ ပကဖတိုက်ရေးအဖွဲ့၊တိုက် နယ် ၅ နယ်မြေခံ ပကဖများ ၊ ဒီပဲယင်းမြို့နယ် တိုက်နယ် ၃ ပကဖ၊ ရွှေဘိုခရိုင် တပ်ရင်း ၂၃ ၊ ရွှေဘို ခရိုင် တပ်ရင်း ၂၆ နှင့် ရွှေဘိုခရိုင် အမှတ် ၁၅ တပ်ရင်း FIGHT FOR FREEDON PDF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဟု ဗိုလ်မိုက်ခဲပြော (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန် ၇   မန္တလေးတိုင်း၊ မြင်းခြံမြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန် “ကျားမဲဟိန်းသံ မြို့သို့ညံ” ကမ်ပိန်းပြုလုပ်နေ ကြောင်း  Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်း ဆောင် ဗိုလ်မိုက်ခဲက ပြောဆိုသည်။  ...