ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီတပ်က လေကြောင်း ဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦးသေဆုံး
သံလွင်မြန်မာသတင်း
ဇွန်လ ၅
မကွေးတိုင်း၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်တို့တွင်တ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲအကြမ်းဖက် စစ် ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ယောအလင်း တန်းထံမှ သိရသည်။
ယနေ့ ဇွန်လ ၅ ရက် ညနေပိုင်းက ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီ၏ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာတစ်စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ကျေးရွာနေ ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ယနေ့ ဇွန်လ ၅ ရက် မွန်းလွဲ ၁ နာရီ ၃ မိနစ် တွင် တစ်ကြိမ်၊ ၁ နာရီ ၆ မိနစ်တွင်တစ်ကြိမ် ထီးလင်းမြို့နယ် တောင်ပိုင်း ၂ နေရာကို အကြမ်းဖက် စစ် ကောင်စီ၏ မကွေးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဆောမြို့နယ်ညောင်ကန်ရွာ ရွာထဲတည့်တည့်ကျပြီး ဗုံးကွဲတာ၊ ပြည်သူ ၄ ဦးသေတယ်၊ ၅ ဦး ဒဏ် ရာရတယ်၊ ညနေပိုင်းမှာပဲ ကျဲသွားတာ၊ တခြားထိခိုက်ပျက်စီးမှုကတော့ မသိရသေးဘူး။ ထီးလင်းမှာ ကျဲသွားတာ ရွာထဲမကျတဲ့အတွက် ပြည်သူထိခိုက်သေဆုံးမှုမရှိဘူး” ဟု ဒေသနေပြည်သူ တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် မေလအတွင်း မကွေးတိုင်း၊ ဂန့်ဂေါခရိုင် ၊ ယောဒေသကို အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၂၆ ကြိမ်ထက် မနည်းရှိခဲ့ပြီး ထိုသို့ တိုက်ခိုက်မှုများတွင် ဂျက် ဖိုက်တာများအပြင် Y12 ထောက်ပို့လေယာဥ်များဖြင့်လည်း ဗုံးသီးများ ကျဲချကာ တိုက်ခိုက်ခဲ့မှုရှိ ကြောင်း သိရသည်။
ထိုသို့ ဗုံးကျဲတိုက်ခိုက်မှုများအတွင်း ပြည်သူ ၅ ဦး ထက်မနည်း သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ လည်းရှိကာ စာသင်ကျောင်းအဆောက်အဦး ၁ ဆောင် ၊ ပြည်သူ့နေအိမ် ၅ လုံး ထက်မနည်း ပျက်စီး ဆုံးရှို့ခဲ့ကြောင်း သိရသည်။
Thanlwin Myanmar Media