Laung Lone News

Laung Lone News

လောင်းလုံးမြို့အစွန် အပြင်ဘက်၌ ထိတွေ့တိုက်ပွဲ ၂ ကြိမ် ဖြစ်ပြီး အရာရှိ တစ်ဦးအပါအဝင် ၂ ဦး သေဆုံး

 

D Day News

မေလ ၃

 

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့အစွန် အပြင်ဘက်၌ ထိတွေ့တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အကြမ်းဖက် စစ်တပ်မှ အရာရှိ တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရ သည်။

 

ဧပြီလ ၂၇ ရက် နံနက် ၆ နာရီခန့်က လောင်းလုံးမြို့တွင်းမှ အင်အား ၄၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လောင်းလုံးမြို့အစွန် အပြင်ဘက် တနေရာ အရောက် နံနက် ၇ နာရီ အချိန်မှ စတင်ပြီး တော်လှန်ရေး တပ်ဖွဲ့များက တိုက်ခိုက်ခ့ရာ အပြန်အလှန် ပစ်ခတ်မှု ၁၅ မိနစ် ခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

 

ထို့အပြင် နံနက် ၁၁ နာရီခန့်မှ စတင်ပြီး ဒုတိယအကြိမ် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ရာ ညနေ ၄ နာရီ ခန့် အထိ ကြာမြင့်ခဲ့ကြောင်း၊ ယင်းတိုက်ခိက်မှု ၂ ကြိမ်အတွင်း အကြမ်းဖက်စစ်တပ်မှ အရာရှိ တစ်ဦး အပါအဝင် ၂ ဦးသေဆုံးကာ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်သားများမှ လောင်းလုံး မြို့တွင်းသို့ ပြန်ဆုတ်ပြေးသွားပြီး မြို့ထိသို့ ပြန်လည်ရောက်ရှိပြီးနောက် တိုက်ပွဲဖြစ်ရာနေရာကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း၊ ညပိုင်းအချိန်တွင်လည်း လက်နက်ကြီးဖြင့် ထပ်မံ ပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် အတွင်းရှိ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များ အဖွဲ့ပေါင်းစုံ ပါဝင်ခဲ့ပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့မှ လိပ်ပြာတပ်စု ၊ တောသားလေးတပ်စု ၊ ရွှေသောင်ယံတပ်စု ၊ ဇုန်-၄တပ်စု၊ လောင်းလုံး(ပကဖ)ဒရုန်းတပ်ဖွဲ့၊ စနိုက်ပါတပ်ဖွဲ့၊ ကင်းမြီးကောက် ပြောက်ကျားတပ်စု၊ ဂဠုန်တပ်စု များပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...