Mandalay News

Mandalay News

သပိတ်ကျင်း၊ စဉ့်ကူး၊ မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၄

 

မန္တလေးတိုင်း၊ သပိတ်ကျင်း၊ စဉ့်ကူးနှင့် မတ္တရာမြို့နယ်အတွင်း ဖမ်းဆီးရရှိသည့် မူးယစ်ဆေးဝါးများ ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေးက ထုတ်ပြန်သည်။

 

မေလ ၂ ရက်နေ့က စဉ်းကူးမြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်တို့အတွင်းမှ ဖမ်းဆီးရရှိသော မူးယစ် ဆေး ဝါး (၆၇၆၂၆) ပြားကျော်ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် မေလ ၃၁ ရက်နေ့က လည်း မတ္တရာမြို့နယ်အတွင်း၌ မီးရှို့ဖျက်ဆီးခဲ့သော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရ သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် မြို့နယ် ပအဖ ၊ ပလဖ တာဝန်ခံများ ၊ ဌာနဆိုင် ရာ ရေးရာ တာဝန်ခံများနှင့် ပူးပေါင်းကာ မူးယစ်ဆေးဝါးများကို ဖမ်းဆီးအရေးယူလျက်ရှိပြီး ဖမ်းဆီး ရရှိသော မူးယစ်ဆေးဝါးများကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း အသိပေးထားသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) အနေဖြင့် ထိန်းချုပ်စိုးမိုးနယ်မြေအတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ၊ သုံးစွဲသူများကို ထိရောက်စွာ ဖမ်းဆီးအရေးယူ သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း နောင်ချိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၂ လုံး ပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ...