Mandalay News

Mandalay News

မြင်းခြံမြို့နယ်တွင် PDF ဂိတ်ကို ဝင်ရောက်စီးနင်းသည့် စစ်သား၊ ပျူစောထီးများ တိုက်ခိုက်ခံရပြီး ၂၀ ဦးထက်မနည်းသေဆုံကာ PDF တပ်ဖွဲ့ဝင် ၁ ဦးလည်း ကျဆုံး

 

သံလွင်မြန်မာသတင်း

ဇွန်လ ၃

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် PDF ဂိတ်ကို ဝင်ရောက်စီးနင်းသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူစောထီး ၂၀ ဦးထက်မနည်းသေဆုံးပြီး PDF တပ်ဖွဲ့ဝင် ၁ ဦး ကျဆုံးခဲ့ကြောင်း အညာဒေသတော်လှန်ရေးအင်အားစုထံမှ သိရသည်။

 

ယမန်နေ့ ဇွန်လ ၂ ရက် နံနက် ၆ နာရီခွဲတွင် မြင်းခြံ မြို့နယ် ၊လယ်သစ်ပျူရွာမှ စစ်သား၊ ပျူစောထီး အင်အား ၇၀ ခန့်ဖြင့် ထွက်သော စစ်ကြောင်းသည် တူးရွင်းဘို့ ရွာအနီးရှိ PDF တပ်ဖွဲ့ ဂိတ်ကို ဝင် ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ စီးနင်းတိုက်ခိုက်မှုကြောင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ ညနေ ၅ နာရီခန့်အထိ တနေကုန်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား၊ ပျူစောထီး ၂၀ ဦးထက်မနည်း သေဆုံး ကာ PDF တပ်ဖွဲ့ဝင် ၁ ဦးလည်း ကျဆုံး၍ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကျနော်တို့ဂိတ်စခန်းကို ဝင်စီးတာ၊ ကျနော်တို့က ဂိတ်ကို အသွား စခတွေနဲ့ ထိပ်တိုက်တွေ့တော့ အဲဒီမှာ စပြီးပွဲဖြစ်တာ၊ တနေကုန်ကြာခဲ့တယ်။ ညနေရောက်တော့ မြင်းခြံမြို့ပေါ်ကနေ စခကား ၃ စီး လက်လာမှ ပြန်ပြီး နောက်ဆုတ်သွားတာပါ” ဟု အညာဒေသတော်လှန်ရေးအင်အားစုမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အညာဒေသတော်လှန်ရေးအင်အားစု၊ ရွှေခြံသားပြောက်ကျားတပ်ဖွဲ့၊ နဂါးနီ ပြောက်ကျားတပ်ဖွဲ့ -မြင်းခြံ ၊ MP 9 PDF ၊ ပြည်သူ့ ကြယ်တပွင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြင်းခြံ မြို့နယ်ပကဖ ၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင်တပ်ရင်း ၂ ၊ Wolf Guerrilla Force အဖွဲ့ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာမှ ထွက်လာသော ပျူစောထီး ၁ ဦးပစ်ခတ်ခံရပြီးသေဆုံး၊ လက်နက် တစ်လက် သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန် ၆   စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ထွက်လာသော ပျူစောထီး ၁ ဦးကို ပစ် ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားပြီး...