Paung Del News

Paung Del News

ပေါင်းတည်မြို့နယ် သစ်ပုတ်တာဝါတိုင်စခန်းမှ ရေချိုးဆင်းလာသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး (ရုပ်သံ)

 

D Day News

မေလ ၃

 

ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် သစ်ပုတ်တာဝါတိုင် အထိုင်စခန်းမှ ရေချိုးဆင်းလာသော အ ကြမ်းဖက် စစ်သားများကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ၃၆၀၁ PPDF တပ်ရင်း ထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန်က ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာ တာဝါတိုင် အထိုင်စခန်းမှ ရေချိုးရန် ဆင်းလာသောအကြမ်း ဖက်စစ်သားများကို ပဒေသာမိုင်း ၄ လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

https://youtu.be/cioFiSEAO3Q

ထိုသို့ မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်သားများက လက်နက်ငယ်များဖြင့်ရမ်းသမ်း ပြန်လည် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို တာဝါတိုင်စခန်းသို့ ပြန်လည်သယ် ဆောင်သွားကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၁ က ဦး ဆောင်ကာ ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ အဖွဲ့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ရေး ပစ်မှတ်များဖြစ်ကြသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ၊ အုပ်ချုပ်ရေးမှူးများကို အဓိကပစ်မှတ်ထားတိုက်ခိုက် လျက်ရှိပြီး မိဘပြည်သူများ အနေဖြင့် အကြမ်းဖက်စစ်တပ်ကို သတင်းပေးခြင်း၊ လမ်းပြခြင်းများ မပြု လုပ်ရန်၊ စစ်တပ်ရှိနေသော နေရာများကို သတိထားရှောင်ကွင်းသွားလာကြပါရန် သတိပေးနှိုးဆော် ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆုံရွာမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး ကျော်သေဆုံးပြီး လက်နက် ၄ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြင်းခြံခရိုင်အမှတ် ၄ ၊ အမှတ် ၁၀ တပ်ရင်း - နွားထိုးကြီး...