Magaway News

Magaway News

မြိုင်မြို့နယ်၊ ကန်နီရွာ ပျူများက ပြည်သူများကို ညှင်းပန်းနှိပ်စက်နေသဖြင့် ကိုရင်နှစ်ပါးနှင့် ပြည်သူ ၃ ဦး ထွက်ပြေးလာပြီး ခိုလှုံ

 

သံလွင်မြန်မာသတင်း

မေလ ၃

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာမှ ပျူစောထီးများက ပြည်သူများကို ညှင်းပန်းနှိပ်စက် နေသဖြင့် ကိုရင်နှစ်ပါးနှင့် ပြည်သူ ၃ ဦးတို့ ထွက်ပြေးလာပြီး ခိုလှုံခဲ့ ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း ထံမှ သိရသည်။

 

မေလ ၃၀ ရက်နေ့က မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာအတွင်းနေထိုင် ကိုရင် ၂ ပါးနှင့် ပြည်သူ ၃ ဦး တို့သည် ကန်နီကျေးရွာနေပျူစောထီးများ၏ ဖိနှိပ်မှုကြောင့် မလုံမခြုံခံစားလာရသည့်အတွက် ပြည်သူ့ ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းထံ ချိတ်ဆက်ကာ ခိုလှုံလာခဲ့ ကြောင်း သိရသည်။

“ထွက်ပြေးလာရတဲ့အကြောင်းအရင်းက မလုံခြုံတာ၊ အစားအသောက် ငတ်ပြတ်တာ၊ နောက်ပြီး တော့ ပျူတွေအချင်းချင်း စိတ်ဝမ်းကွဲပြီး ပုန်ကန်စပြုနေတဲ့အတွက်ကြောင့်ပါ။ လုံခြုံရေးအရမို့ ခို လှုံ လာတဲ့သူတွေရဲ့ နာမည်တွေ ပြောပြလို့မရပါဘူး။ ကျနော်တို့ ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်းအနေနဲ့ လိုအပ်တာတွေ ကူညီပေးပြီး ဘေးကင်းရာကို ပို့ဆောင်ပေးခဲ့ပါတယ်။” ဟု ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးများ ထိန်းချုပ်ခံထားရသည့် မိဘပြည်သူများ နေဖြင့် အမြန်ဆုံးဘေးလွတ်ရာနေရာသို့ ခိုလှုံကြရန်နှင့် အလင်းဝင်ရောက်လိုသူ ပျူစောထီးများကို နွေးထွေးစွာကြိုဆိုလျက်ရှိကြောင်း၊ မကြာမီအချိန်အတွင်း ပျူစောထီးစခန်းများကို တိုက်ခိုက်သိမ်း တော့မည်ဖြစ်ကြောင်း အသိပေးထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

ညီနောင်မဟာမိတ် ၃ ဖွဲ့မှ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း နောင်ချိုမြို့နယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ဘုန်းကြီး ကျောင်း ၁ ကျောင်းနှင့် နေအိမ် ၂ လုံး ပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ...