အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသည့် ရာအိမ်မှူး အောင်မိုးခိုင် ပစ်ခတ် ခံရပြီး သေဆုံး
သံလွင်မြန်မာသတင်း
ဇွန်လ ၂
ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသည့် ရာအိမ် မှူး အောင်မိုးခိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း မြေအောက်ပြောက် ကျားတပ်ဖွဲ့ – အုတ်ဖိုထံမှ သိရသည်။
ယမန်နေ့ ဇွန်လ ၁ ရက် ညနေ ၆ နာရီ ၁၅ မိနစ်က အုတ်ဖိုမြို့နယ်၊ ထန်းကုန်းကျေးရွာ ရာအိမ်မှူး အောင်မိုးခိုင်သည် တိမ်မြုပ်ရွာ အခြေစိုက် စစ်ကောင်စီ လက်အောက်ခံ ခမရ ၆ မှ ထွက်ခွာလာစဉ် ချောင်းခွ(ကေ)ရွာ နှင့် သရက်နှစ်ဖျားလိန်ရွာကြားရှိ လမ်းမပေါ်၌ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို ၏ ရဲဘော်များအား လက်ပစ်ဗုံးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးက အချိန်မီ သိရှိလိုက်သဖြင့် တိမ်းရှောင်ကာ ရာအိမ်မှူး အောင်မိုးခိုင်၏ ဦးခေါင်းတည့်တည့်ကို သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ခဲ့ရာ နေရာတွင် သေဆုံးသွားပြီး ၄င်းယူဆောင်လာသော လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။
သေဆုံးသွားသော ရာအိမ်မှူး အောင်မိုးခိုင် သည် စစ်မှုထမ်းဟောင်း စစ်တပ်ထောက်တိုင် အမာခံ တစ်ဦးဖြစ်ပြီး ခမရ ၆ တွင် နေထိုင်ကာ တော်လှန်ရေးတပ်ဖွဲ့များ၏ အချက်အလက်များအား စုံစမ်း ထောက်လှမ်းခြင်း၊ ပြည်သူများထံမှ စစ်မှုထမ်းကြေးဟုဆိုကာ ငွေကြေးများ ခြိမ်းခြောက် ကောက်ခံ ခြင်း၊ လူငယ်များအား စစ်သားများနှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ စစ်သားများက ရိုးမအတွင်း စစ်ကြောင်းထိုးရာတွင် လမ်းပြခြင်းများ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။
မြေအောက်ပြောက်ကျားတပ်ဖွဲ့ – အုတ်ဖိုအနေဖြင့် ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကို ဒုက္ခပေးနေကြသည့် စစ်သားများအပြင် စစ်တပ်ထောက်တိုင်များကိုပါ အရှိန်မြင့် တိုက်ခိုက်သွား မည်ဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် ၄င်းတို့အနီး သွားလာနေထိုင်ခြင်းများ လုံးဝ (လုံးဝ) မပြုလုပ် ကြပါရန် အသိပေးတိုက်တွန်းထားသည်။
Thanlwin Myanmar Media