CDM News

CDM News

စစ်တပ်အတွင်း ပြည်သူပိုင် ပစ္စည်းများကို ခိုးယူစားသောက်နေရဟု ကျောက်ထုအမြောက်တပ်မှ အလင်းဝင်ရောက်လာသူ တပ်သား ပြောဆို

 

D Day News

မေလ ၂

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ကျောက်ထုမြို့အမြောက်တပ်မှ တပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်ရောက်ခဲ့ပြီး စစ်တပ်အတွင်း ပြည်သူပိုင်ပစ္စည်းများကို ခိုးယူစားသောက်နေခဲ့ရကြောင်း YRA ထီးလင်းတပ်ဖွဲ့မှ ရှင်းပြသည်။

 

ယမန်နေ့ မေလ ၁ ရက် ၁၁ နာရီခန့်က ထီးလင်းမြို့အထိုင်တပ်သို့ စစ်ကူအဖြစ်ရောက်ရှိနေသော ကျောက်ထု အမြောက်တပ် အမှတ် ၃၆၈ တပ်ရင်းမှ တပ်သား ကျော်စိုးဦးသည် ၎င်းကိုင်ဆောင်သော MA သေ နတ် ၁ လက်၊ ကျည် ၅၃၉ တောင့်နှင့် အခြား စစ်အသုံးအဆောင် ပစ္စည်းများ ယူဆောင်ကာ အလင်း ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ထဲမှာ သူ့ထက်အရင် ဝင်ထားတဲ့ သူရှိတယ်။ သူနဲ့ ချိတ်ဆက်ပြီးတော့ အဆက် အ သွယ် ရသွားတာပေါ့။ သူပြောတာတော့ ခိုးယူပြီး စားနေရတယ်။ စားဝတ်နေရေး အဆင်မပြေဘူး။ ဒါမျိုးတွေပေါ့ အဓိက စိတ်ပျက်သွားတာပေါ့။ တပ်ထဲမှာ နေရတာစိတ်ပျက်သွားတယ်ပေါ့။ ကျွန် တော်တို့ သူ့ကို အကောင်းမွန်ဆုံး လွတ်မြောက်တဲ့ နေရာတစ်ခုမှာ ထား ထားတယ်” ဟု YRA ထီလင်း မှ သခင်ဇော်က ပြောကြားသည်။

 

ထိုသို့ အလင်းဝင်ရောက်ခဲ့သည့် စစ်သားကို ဆုငွေကျပ် သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေ သို့ ပို့ဆောင်ကာ စောင့်ရှောက်ပေးထားကြောာင်း ဂန့်ဂေါခရိုင်တပ်ရင်း (15/16/17)-YRA ထီးလင်း တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

လက်ရှိချိန်အထိ YRA ထီလင်းထံကို အလင်းဝင်ရောက်သည့် စစ်သားနှင့် ရဲ အပါအဝင် ၂၅ ဦးခန့် ရှိပြီ ဖြစ်ကြောင်း၊ ထို့ပြင် အလင်းဝင်လာသော စစ်သားများ၏ ဘဝရှေ့ရေး အဆင်ပြေစေရန်နှင့် နေ ထိုင်ရေး ၊ အလုပ်အကိုင်ရရှိရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆက်လက် ဆောက်ရွက်ပေးထားကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

၂၀၂၅ ခုနှစ် ၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည့်ရင်ခွင်ထံ အလင်းဝင်

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၂ ၂၀၂၅ ခုနှစ်၊ ၇ လအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်မှူး ၂ ဦးအပါအဝင် ၄၀၉ ဦး ပြည်သူ့ရင်ခွင်ထံ ချိတ် ဆက်အလင်းဝင်ရောက်ခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ ကုန်အထိ အမျိုးသားညီညွတ်ရေးအစိုးရ၊...