Yesagyo News

Yesagyo News

ရေစကြိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

မေလ ၂

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ မုံညင်းကျေးရွာနှင့် သော်ကဲဘကျေးရွာကြားတွင် အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ရေစကြို မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၂ ရက် မွန်းတည့် ၁၂ နာရီခန့်က ရေစကြိုမြို့နယ် တောင်အိုတာတိုင် စစ်ဆေးရေး ဂိတ်မှ အင်အား ၅၀ ခန့်ဖြင့် ထွက်ခွာလာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို မုံညင်းကျေးရွာ နှင့် သော်ကဲဘကျေးရွာအကြားအရောက် အသင့်ထောင်ထားသော မိုင်းများဖြင့် ရှေ့ပြေးမိုင်းရှင်း စစ်သား ၅ ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“အသင့်ထောင်ထားတဲ့ မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့တာ။ ရှေ့ပြေးမိုင်းရှင်း ၅ ဦးပဲ မိုင်းမိတယ်။။ ကျန်တဲ့ စစ်ကြောင်းကိုလည်း ပေပါမိုင်းတွေနဲ့ ဆွဲခဲ့သေးတယ်၊ ပေပါမိုင်းတွေက မကွဲလို့ ကွဲရင် အနည်းဆုံး ၁၀ ဦး လောက်တော့သေမှာ။ ပြန်ပစ်တာတောင်မလုပ်နိုင်ဘူး၊ မုံညင်းကျေးရွာနေ တစ်ဆင့် ခလရ ၂၅၆ တပ်ရင်းထဲ ဒဏ်ရာရတဲ့သူတွေကို ပွေ့သယ်ပြီး ဝင်သွားတယ်။” ဟု ရေစကြို မြို့နယ်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ – ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖနှင့် ပခုက္ကူခရိုင် အမှတ် ၉ တပ်ရင်းတို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...