Mandalay News

Mandalay News

မန္တလေးမြို့ ချမ်းအေးသာဇံမြို့နယ်တွင် ငလျင်ဒဏ်သင့်အဆောက်အအုံဖြိုချရာက အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မေလ ၃၀

 

မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း၊ ၈၆ လမ်းနှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ်သင့် အ ဆောက်အအုံတစ်လုံးကို ဖြိုချရာက အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းဒေသကြီးကော်မတီ) ထံမှ သိရသည်။

 

ယနေ့‌ မေလ ၃၀ ရက် မွန်းလွဲ ၁ နာရီက မန္တလေးမြို့ ၊ ချမ်းအေးသာဇံမြို့နယ်၊ ၂၆ လမ်း ၈၆ လမ်း နှင့် ၈၇ လမ်းကြားရှိ ငလျင်ဒဏ် သင့်အဆောက်အဦး တစ်လုံးကို ဖြိုချနေစဉ် ဆလပ်ပြင် ပြိုကျပြီး အမျိုးသား ၂ ဦး မစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့နေ့ခင်း ၁ နာရီလောက်ကပါ၊ ငလျင်ကြောင့် ပြိုကျတဲ့အဆောက်အအုံကို ဖြိုချနေတဲ့ အချိန်မှာ ဆလပ်ပြင် ပြိုကျပြီးတော့ ခြေထောက်ထိခိုက်ဒဏ်ရာရတာ၊ လူနာတွေက မစိုးရိမ်ရပါဘူး။ ဒဏ်ရာရ လူနာတွေကိုတော့ ဆေးရုံပို့ပေးလိုက်ပါတယ်” ဟု မြန်မာနိုင်ငံလူမှု ကယ်ဆယ်ရေးအဖွဲ့ (မန္တလေး တိုင်း ဒေသကြီးကော်မတီ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ထိုသို့ ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသား ၂ ဦးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေး တိုင်းဒေသကြီးကော်မတီ) ၊ ချမ်းအေးသာဇံမြို့နယ်ရုံးမှ လူနာတင်ကားဖြင့် မန္တ​လေးပြည်သူ့ဆေးရုံ ကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Kachin State News

Kachin State News

မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ နီးပါးရောက်ရှိနေပြီး ရေဘေးရှောင်ပြည်သူ များအတွက် နေစရာနှင့်စားစရာများလိုအပ်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ နီးပါးအထိရောက်ရှိနေပြီး ရေဘေးရှောင် ပြည်သူများအတွက် နေစရာနှင့်စားစရာများ အရေးပေါ်လိုအပ်နေကြောင်းမျိုးဆက် သစ်လူမှုကူညီ ရေးအသင်းထံမှ...