Sagaing News

Sagaing News

ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ် လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံး ဘုန်းကြီးတစ်ပါးအပါအဝင် ၂ ဦး ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မေလ ၃၀

 

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ရမ်း သမ်းပစ်ခတ်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး ဘုန်းကြီးတစ်ပါးအပါအဝင် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း မုံရွာ ခရိုင် အမှတ် ၁၂ တပ်ရင်း ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲထံမှ သိရသည်။

 

ယမန်နေ့ မေလ ၂၉ ရက် ညနေ ၃ နာရီခန့်က ချောင်းဦးမြို့နယ် ငယှန်ကျေးရွာ၌ အထိုင်ချနေသော အကြမ်းဖက် စစ်သားများက ၁၂၀ မမ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ သန်မင်းကန် ကျေး ရွာအတွင်း ၃ ကြိမ် ကျရောက်ပေါက်ကွဲပြီး အသက် ၄၃ နှစ်အရွယ် ကိုကျော်ဦး သေဆုံးပြီး အသက် ၂၂ နှစ်အရွယ် ကိုမောင်စံမှာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“စခတွေက အရပ် ၄ မျက်နှာပတ်ချာလည် လျှောက်ပစ်နေတာ၊ ညလည်းပစ်တယ်။ နေ့တိုင်းလိုလို ပစ်နေတာ၊ ပစ်ချင်တိုင်းပစ်နေတာ၊ သောက်စားမူးရူးနေတဲ့အချိန်ဆိုရင် ပိုဆိုးတယ်။ စက်လက်တွေ၊ ငါးကြင်းမြီးတွေနဲ့လည်း ရမ်းပစ်တာရှိတယ်။ ပတ်ချာလည် ကျေးရွာတွေထဲကို လက်နက်ကြီးနဲ့ ထု တာကတော့ အများဆုံးပေါ့။ သန်းမင်းကန်ကျေးရွာမှာက တစ်ယောက်က သေတယ်၊ တစ်ယောက် က ဒဏ်ရာအပြင်းအထန်ရတယ်။ မှန်ချိုကျေးရွာမှာက ဘုန်းကြီးတစ်ပါး ထိခိုက်ဒဏ်ရာရတယ်” ဟု မုံရွာ ခရိုင် အမှတ် ၁၂ တပ်ရင်း ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ ဗိုလ်မိုးကြိုးက ပြောကြားသည်။

 

အလားတူ ချောင်းဦးမြို့နယ်၊ မှန်ချိုကျေးရွာအတွင်းသို့လည်း ၄ ကြိမ်တိတိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဓမ္မသုခ ဘုန်းကြီး ကျောင်းတိုက်နှင့် ပြည်သူပိုင် နေအိမ်များကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီး ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့အပြင် ဘုရားစေတီပုထိုးများ၊ သာသနာ့ဆောက်အအုံများ နှင့် ပြည်သူ့နေအိမ် ၁ လုံးလည်း ထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Kachin State News

Kachin State News

မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ နီးပါးရောက်ရှိနေပြီး ရေဘေးရှောင်ပြည်သူ များအတွက် နေစရာနှင့်စားစရာများလိုအပ်နေ   သံလွင်မြန်မာသတင်း ဇွန်လ ၂   ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီမီတာ နီးပါးအထိရောက်ရှိနေပြီး ရေဘေးရှောင် ပြည်သူများအတွက် နေစရာနှင့်စားစရာများ အရေးပေါ်လိုအပ်နေကြောင်းမျိုးဆက် သစ်လူမှုကူညီ ရေးအသင်းထံမှ...