Karen State News

Karen State News

မြဝတီမြို့တောင်ဘက် ကနဲလေးစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိုင်းနိုင်ငံဘက်ထွက်ပြေး

 

သံလွင်မြန်မာသတင်း

မေလ ၂၉

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ် မြဝတီမြို့တောင်ဘက်၊ မြန်မာ − ထိုင်းနယ်စပ် ကနဲလေးကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ကျော် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားကြောင်း KNLA စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

မေလ ၂၁ ရက်နေ့က အဆိုပါ ကနဲလေးစစ်တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ တော် (KNLA) ၊ PDF ပူးပေါင်းတပ်များက ပိတ်ဆို့တိုက်ခိုက်နေခြင်းဖြစ်ပြီး ယမန်နေ့မေလ ၂၈ ရက် နေ့က အပြီးသတ်သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ညဦးပိုင်းတွင် ခုခံနေသော စစ်သားများ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားသဖြင့် အပြီးသတ်သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် အတိ အကျကို သိရှိရခြင်းမရှိသေးကြောင်း၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသည့် စစ်သား ၅၂ ဦးရှိ ကြောင်း သိရသည်။

 

ထိုင်း -မြန်မာနယ် စပ်ရှိ စစ်တပ်စခန်းများကို KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လျက် ရှိရာ ပူးလူးတူ၊ ခလယ့်ဒေး၊ တခေါဘီခွီး၊ မော်ဖားသူးစခန်း ၊တာလယ်စခန်း၊ မယ်လစခန်း၊ မော်ဖိုး ကေ စစ်စခန်းနှင့် ဘလက်ဒိုစခန်းများကို ဆက်တိုက် တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ယခုနောက်ဆုံးတွင် ကနဲလေးစခန်းကိုပါ တိုက်ခိုက် သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။

Thanlwin Myanamar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မင်းကွန်းဒေသတွင် ကင်းရွာရှိ ပြည်သူ့နေအိမ် အလုံး ၂၀ ခန့်ကို မီးရှို့ဖျက်ဆီးသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁   စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသ၊ ကင်းရွာရှိ ပြည်သူ့နေအိမ်အလုံး ၁၀...