Story News

Story News

ပေးစာကဏ္ဍ “မုံရွာရဲ့လတ်တလောမြင်ကွင်း”

 

မုံရွာသူ

 

ဖောင်း ဒိုင်း အုံး မြည်

စုံစီအသံ

နေ့စဉ်ညံလို့

အမှန်ကြားနေ

အညာမြေမှာ။ ။

 

နမခတပ်

ရမ်းပစ်ခတ်တဲ့

လက်နက်ကြီးတွေ

သေဆုံးထိနာ

အပြစ်မဲ့ပါ။ ။

 

ဘာညာတိုက်ပွဲ

မရှိပါဘဲ

တိုင်းမှူးအလှူ

ကာဗာယူကာ

ရမ်းပစ်ခတ်လို့

သေဆုံးထိနာ

ပြည်သူတွေပါ။ ။

 

အညာမုံရွာ

ပတ်ပတ်လည်က

တစ်မိုင်အကွာ

ရွာများစွာကို

နေ့ညမရှောင်

ပါရာမော်တာ

သုံးပြီးကျဲချ

ဗုံးလုံးရေက

မြောက်များစွာပေါ့။ ။

 

ကျောက်စစ်ပုံရွာ

အမြောက်တပ်ရင်း

ဗရမ်းဗတာ

ဆင်ခြင်တုံမဲ့

လက်တဲ့စမ်းကြ

သေဆုံးကြတာ

ပြည်သူများစွာ။ ။

 

ဒါကြောင့်

 

ဖက်ဆစ်စစ်တပ်

အမြစ်ပြတ်ရေး

မနှေးအမြန်

လုပ်ဆောင်ရမှာ

တို့အားလုံးရဲ့

တာဝန်ပါနော်။ ။

 

မုံရွာသူ

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ကလဲတဲ့တဲ့ ရိသဲ့သဲ့ ဟာသများ “ဂရုဏာ ဒေါသောပြောမိသော စကား”

ကလဲတဲ့တဲ့ ရိသဲ့သဲ့ ဟာသများ “ဂရုဏာ ဒေါသောပြောမိသော စကား”

မောင်နိုင်ထူး   ချစ်စန်းကို နဲ့ လှယမင်းနွယ်တို့ မေတ္တာမျှ သမီးရည်းစားဖြစ်နေကြတာကြာပါပြီ။   အမေဖြစ်သူ မသန်းတင်က သူ့ရဲ့ တစ်ဦးတည်းသောသားကို တစ်ရွာတည်းနေ တစ်ရေတည်းသောက် လှယမင်းနွယ်နဲ့ သဘောမတူဘူးဖြစ်နေတယ်။   သူ့သားကို သူပေး စားချင်တာ ညောင်ပင်သာရွာက ဦးဖြူမောင်သမီး မေသဇင်နု နဲ့ပေးစားချင်တာပါ။  ...