Karen State News

Karen State News

ထိုင်း -မြန်မာနယ်စပ် သေဘော့ဘိုးစစ်တပ်စခန်းကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်လျက်ရှိပြီး စစ်တပ်စစ် ကူစစ်ကြောင်းကိုလည်း တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကြောင်းတစ်ခုလုံး ပျက်စီး၊ ၁၀ ဦးကျော်အရှင်မိ

 

သံလွင်မြန်မာသတင်း

မေလ ၂၈

 

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ထိုင်း -မြန်မာနယ်စပ် သေဘော့ဘိုးစစ်တပ်စခန်းကို ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်လျက်ရှိပြီး စစ်တပ် စစ်ကူစစ်ကြောင်းကို DKBA ဌာနချုပ်အနီးတွင် တိုက်ခိုက်ချေမှုန်းခဲ့ရာ စစ်ကြောင်းတစ်ခုလုံး ပျက်စီးသွားကြောင်း၊ ယင်းစစ်ကြောင်းမှ စစ်သား ၁၀ ဦးကျော်အရှင်ဖမ်းမိခဲ့ ကြောင်း Cobra Volumn 2 VENOM က ထုတ်ပြန်သည်။

 

မေလ ၂၅ ရက်နေ့မှစ၍ မြဝတီမြို့တောင်ဘက်၊ သေဘော့ဘိုးကျေးရွာအနီးရှိ အကြမ်းဖက်စစ်ကောင် စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက ပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ အကြမ်းဖက်စစ်သားများအ ထိနာနေသဖြင့် လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ အပြင် မေလ ၂၇ ရက်နေ့တွင် ဝေါ်လေ ဗျူဟာကုန်းမှ အင်း ၇၀ ကျော်ဖြင့် ထိုင်းနိုင်ငံဘက်ခြမ်းမှတဆင့် စစ်ကူပို့ခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကူစစ်ကြောင်းသည် ထိုင်းနိုင်ငံဘက်ခြမ်းမှတဆင့် DKBA ဌာနချုပ်ရှိရာ ဆုံစည်းမြိုင်ကျေးရွာသို့ စစ်ကြောင်း ၂ ကြောင်းခွဲကာ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

ယနေ့မေလ ၂၈ ရက် နံနက်ပိုင်းတွင် ဆုံစည်းမြိုင်ကျေးရွာမှ ဆက်လက်ထွက်ခွာလာစဉ် KNLA၊ PDF ဗျူဟာ ၃၂ ပူးပေါင်းစစ်ကြောင်းများနှင့်Cobra Column 2 VENOM စစ်ကြောင်းတို့မှ ပိတ်ဆို့ပြီး တိုက် ခိုက်ချေမှုန်းခဲ့ရာ စစ်တပ်စစ်ကြောင်းတစ်ခုလုံးကို ချေမှုန်းရှင်းလင်းနိုင်ခဲ့ပြီး စစ်သား ၁၀ ဦးကို အရှင် ဖမ်းမိခဲ့ကြောင်း၊ ထို့အပြင်လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

ထိုသို့ စစ်တပ်စစ်ကြောင်းတစ်ခုလုံးချေမှုန်းခံရမှုကြောင့် ယနေ့မေလ ၂၈ မွန်းလွဲပိုင်းတွင် အကြမ်း ဖက် စစ်ကောင်စီတပ်က Yak-130 တိုက်လေယာဥ်ဖြင့် ဆုံစည်းမြိုင်ကျေးရွာအတွင်းသို့ ဗုံးကြဲ တိုက် ခိုက်ခဲ့ရာ ကလေးငယ် ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲ ယမ်း အများ အပြား သိမ်းဆည်းရရှိ

သံလွင်မြန်မာသတင်း စက်တင်ဘာလ ၁၀ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၇၀ ကျော်သေဆုံးကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။ စက်တင်ဘာလ ၄ ရက်နေ့က ငဖဲမြို့နယ်၊ စွန်တက်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၈၀၀ ခန့်...