Bago News

Bago News

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ကမ်းရှိ အများပြည်သူအသုံးပြုရာလမ်းပေါ်တွင် စစ်တပ်က မိုင်းထောင်ထားမှုကြောင့် ပြည်သူတစ်ဦး မိုင်းနင်းမိကာ ခြေကျင်းဝတ် ပြတ်ကာ ပြင်းထန် ဒဏ်ရာရ

 

သံလွင်မြန်မာသတင်း

မေလ ၂၇

 

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ဝှမ်းတလျှောက်ရှိကျေးရွာများတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက အများပြည်သူအသုံးပြုရာလမ်းများပေါ်တွင်နင်းမိုင်းများထောင်ထားမှု ကြောင့် ပြည်သူ့တစ်ဦး ခြေကျင်းဝတ်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည်မြို့နယ်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

မေလ ၂၃ ရက်နေ့က ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ဘက်ခြမ်း ကွမ်းအုံကျေးရွာမှ အသက် ၃၆ နှစ်အရွယ် ကိုရှမ်းအေးသည် စစ်တောင်းမြစ်အတွင်း ငါးရှာရန်အတွက် နေအိမ်မှထွက် လာစဉ် ယခင်ကျွဲ၊နွားများ ရေချဆိပ်နေရာဟောင်းအနီးရောက် စစ်သားများထောင်ထားခဲ့သည့် နင်း မိုင်းနင်းမိ၍ ပေါက်ကွဲခဲ့ကာ ခြေကျင်းဝတ် ပြတ်ထွက်သွားပြီး ဒူးဆစ်အထိ ထိခိုက်ဒဏ်ရာအပြင်း အထန် ရရှိခဲ့ကြောင်း သိရသည်။

မေလ ၁၅ ရက်နေ့က ရေတာရှည်မြို့ဘက်မှ စစ်တောင်းမြစ်အနောက်ဘက်ကမ်း ကွမ်းအုံကျေး ရွာ နှင့် သဖန်းဇင်ကျေးရွာကြားသို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းသည် အများပြည်သူ ဖြတ် သန်းသွားလာနေသော မိန်းလမ်းမပေါ်တွင် M2 အမျိုးအစား နင်းမိုင်းအလုံး ၇၀ ခန့်ထောင်ထားခဲ့ ကြောင်း သိရသည်။

 

ယင်းမိုင်းများကို မေလ ၁၈ ရက်နေ့တွင် တပ်ရင်း (၃၅၀၄) ၊ ရေတာရှည်မြို့နယ် (ပကဖ) နှင့် အလယ် ပိုင်းတိုင်း (၈၀၅) တပ်ရင်း တို့မှ နင်းမိုင်း ၂၃ လုံးကို ဖယ်ရှားရှင်းလင်းခဲ့ကြောင်း၊ အလားတူ မေလ ၂၅ ရက်နေ့ကလည်း ယင်းအကြမ်းဖက်စစ်သားများထောင်ထားသည့် နင်းမိုင်း ၄ လုံးကို တပ်ရင်း ၃၅၀၄ ရဲဘော်နှင့်များ ရေတာရှည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ များမှထပ်မံဖယ်ရှားသိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်သားများသည် ရေတာရှည် စစ်တောင်းမြစ်ဝှမ်း တစ်လျှောက်ရှိကျေးရွာများတွင် အခြေပြုတပ်ဆွဲထားပြီး နင်းမိုင်းများစွာထောင်ထားသည့်အတွက် မိုးတွင်းကာလစိုက်ပျိုးရေး နှင့် တံငါလုပ်ငန်း လုပ်ကိုင်စားသောက်လျက်ရှိသည့် ပြည်သူအများစုမှာ ၎င်းတို့ထောင်ထားသည့် နင်းမိုင်းများကြောင့် အခက်ခဲ၊ ဒုက္ခမျိုးစုံဖြင့် ရင်ဆိုင်နေရသဖြင့် ကျွန်ုပ်တို့ ရဲဘော်များမှ နည်း မျိုးစုံဖြင့် ဖယ်ရှားရှင်းလင်း ပေးလျက်ရှိကြောင်း အသိပေးထားသည်။

 

စစ်ကောင်စီတပ်သားများ ထောင်ထားသည့် နင်းမိုင်းအမျိုးအစားသည် MM-2နင်းမိုင်း အမျိုးအစား ဖြစ်ပြီး ၁၄ နင်းမိုင်းထက်ပြင်းအားပိုသောကြောင့် အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်နိုင်သည့် မိုင်းအမျိုးစားဖြစ်ကြောင်း၊ ထို့ကြောင့် မိဘပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်သည်အထိ ဆက်လက်၍ ရှင်းလင်းပေးသွားမည်ဖြစ်ကြောင်းနှင့် မိဘပြည်သူများ အနေဖြင့်လည်း သတိပြုသွား လာပေးကြပါရန် အသိပေးတိုက်တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

စစ်ကောင်စီက ၎င်းတို့ထောက်ခံသော လူငယ်များအား PDF တပ်ဖွဲ့များအတွင်း တပ်သားသစ်အဖြစ် ထည့်သွင်းကာ စုံစမ်းထောက်လှမ်းလျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လုံခြုံရေးအသိ၊ သတိမပေါ့ဆကြရန် တိုက်တွန်း   သံလွင်မြန်မာသတင်း မေလ ၂၇   စစ်ကောင်စီက ၎င်းတို့ထောက်ခံသော လူငယ် များကို PDF တပ်ဖွဲ့အတွင်း တပ်သားသစ်များအဖြစ် ထည့်သွင်းကာ...