စစ်ကောင်စီက ၎င်းတို့ထောက်ခံသော လူငယ်များအား PDF တပ်ဖွဲ့များအတွင်း တပ်သားသစ်အဖြစ် ထည့်သွင်းကာ စုံစမ်းထောက်လှမ်းလျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် လုံခြုံရေးအသိ၊ သတိမပေါ့ဆကြရန် တိုက်တွန်း
သံလွင်မြန်မာသတင်း
မေလ ၂၇
စစ်ကောင်စီက ၎င်းတို့ထောက်ခံသော လူငယ် များကို PDF တပ်ဖွဲ့အတွင်း တပ်သားသစ်များအဖြစ် ထည့်သွင်းကာ စုံစမ်းထောက်လှမ်းခြင်း၊ သွေးခွဲခြင်းတို့လုပ်ဆောင်လျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့ များအနေဖြင့် လုံခြုံရေးအသိ၊ သတိ မပေါ့ဆကြရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် -မန္တလေးက တိုက်တွန်းထားသည်။
အကြမ်းဖက်စစ်ကောင်စီသည် နိုင်ငံနှင့်အဝှမ်း စစ်မျက်နှာများတွင် အခြေမလှသည့် အခြေအနေများ နှင့် ရင်ဆိုင် ကြုံတွေ့နေရသည့်နောက် တော်လှန်ရေးတပ်ဖွဲ့များအတွင်း ဒလန်သူလျှို များ စိမ့်ဝင်စေ ကာ သတင်းအချက်အလက်ရယူသည့် ထောက်လှမ်းရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်လာ သည်ကို တွေ့ရှိရကြောင်း၊ စစ်ကောင်စီသည် ၄င်းတို့၏ တပ်ဖွဲ့ဝင်များ (သို့) စစ်ကောင်စီအားထောက် ခံသော အရပ်သားများကို တော်လှန်ရေးတပ်ဖွဲ့များသို့ အသွင်ယူဝင်ရောက်စေကာ တည်နေရာများ ရယူခြင်း၊ အချင်းချင်းကြား သွေးကွဲစေရန် အခြေအနေများ ဖန်တီးခြင်းနှင့် တပ်ဖွဲ့ကို စွန့်ခွာစေရန် ဆွဲဆောင်စည်းရုံးခြင်း စသည့် လုပ်ငန်းများကို စနစ်တကျလုပ်ဆောင်စေခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ရဲ့မိတ်ဆက်တော်လှန်ရေးတပ်ဖွဲ့တွေကို တိုက်တွန်းချင်တာက အခု MDY PDF ကို ထောက်လှမ်းစုံစမ်းတဲ့ပုံစံမျိုးအခြားသော အဖွဲ့အစည်းတွေမှာလည်း စစ်ကောင်စီဘက်က လုပ် ဆောင်နေတာမျိုးရှိနိုင်တယ်၊ လုံခြုံရေးအသိ၊ လုံခြုံရေးသတိ မပေါ့ဆဖို့နဲ့ တကယ်လို့ရှိခဲ့တယ် ဆိုရင် လုံခြုံရေးအစီအမံတွေကို အမြန်ဆုံးချမှတ်နိုင်ဖို့ ရည်ရွယ်ပြီးတော့ ကျနော်တို့ ဒီဖြစ်စဉ်ကို ထုတ်ပြန် ကြေညာခဲ့တာဖြစ်ပါတယ်။” ပြည်သူ့ကာကွယ်ရေး တပ်မတော် -မန္တလေး၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောကြားသည်။
စစ်ကောင်စီမှ တော်လှန်ရေးအဖွဲ့အသီးသီးအတွင်းသို့ ပုံစံမျိုးစုံ၊ နည်းမျိုးစုံ၊ အကြောင်းအရာမျိုးစုံဖြင့် ၄င်းတို့၏ အတွင်းလူ (ဒလန်၊ သူလျှို) များ စေလွှတ်ထားနိုင်သည်ကို တော်လှန်ရေးအင်အားစုများ အ နေဖြင့် အထူးအလေးပေးသတိမူသင့်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အဓမ္မပြဋ္ဌာန်းပြီး နောက်ပိုင်း တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး သို့ စစ်ကောင်စီမှ ရည်ရွယ်ချက်ရှိရှိ စေလွှတ်ထား သော ဒလန်၊သူလျှိုများသည် ပုံစံမျိုးစုံဖြင့်ဝင် ရောက်လာကြောင်း၊ အသက်အရွယ်အပိုင်းအခြား အား ဖြင့် အသက် ၂၀ ဝန်းကျင်ရှိသော လူငယ်များ ဖြစ်ကြပြီး အမျိုးသားရော၊ အမျိုးသမီးများပါ ဝင် ရောက်ခဲ့ကြောင်း သိရသည်။
၄င်းတို့သည် စုဆောင်းရေးကာလတွင် အခြားသော လူငယ်များနှင့် ရင်းနှီးမှုရရှိစေရန် စနစ်တကျ ကြိုးစားအားထုတ်ခဲ့ပြီး အမည်အရင်းများ၊ နေရပ်လိပ်စာများနှင့် ဖုန်းနံပါတ်များကို တောင်းယူစု ဆောင်းခဲ့သည်ကို တွေ့ရှိရကြောင်း၊ ထို့အပြင် သင်တန်းကာလတစ်လျှောက်တွင်လည်း တပ်ဖွဲ့မှ စွန့်ခွာစေမည့် အတွေးအခေါ်များကို သင်တန်းသားအချင်းချင်းကြား ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလေ့ ရှိကြောင်း သိရသည်။
ထို့အပြင် တပ်ဖွဲ့နှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို တတ်နိုင်သည့် ပုံစံမျိုးစုံဖြင့် ရယူစု ဆောင်းကာ နောက်ဆုံးတွင် တပ်ပြေးအဖြစ် တပ်ဖွဲ့မှ စွန့်ခွာသွားလေ့ရှိကြောင်း၊ တပ်ပြေးပြီးနောက် ပိုင်းတွင်လည်း ပုံစံမျိုးစုံဖြင့် အခြားသော တပ်ဖွဲ့ဝင် လူငယ်များကိုပါ သွေးဆောင်ဖြားယောင်းကာ တပ်ပြေးမှုဖြစ်စေရန် လှုံ့ဆော်ခြင်းနှင့် တပ်ပြေးရာတွင် လမ်းကြောင်းအကူအညီများ ရှာဖွေပေး ခြင်း တို့ကိုပါ စနစ်တကျလုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း သိရသည်။
စစ်ကောင်စီသည် ထိုဒလန်၊ သူလျှိုလူငယ်များကို စနစ်တကျ လေ့ကျင့်ပေးထားပြီး တော်လှန်ရေး တပ်ဖွဲ့များသို့ စေလွှတ်ကာ သတင်းအချက်အလက်ရယူခြင်းနှင့် တော်လှန်ရေးအင်အားစုများ အ ကြား စည်းလုံးမှုပြိုကွဲစေမည့် လုပ်ငန်းများကို လုပ်ဆောင်စေခြင်းဖြင့် စစ်ရေး အသာရမှုများ ရရှိရန် ကြိုးပမ်းလာသည်ကို တွေ့ရှိရကြောင်း သိရသည်။
ထိုလုပ်ငန်းစဉ်များကို စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိတစ်ဦးမှ ကြိုးကိုင်ကြီးကြပ်ကာ အနီးကပ်လမ်း ညွှန်မှုများ ပေးနေသည်ကို တွေ့ရှိရပြီး စစ်ဆင်ရေးတစ်ခုအသွင် စနစ်တကျ တစိုက်မတ်မတ် လုပ် ဆောင်နေသည်ကို တွေ့ရှိရသည်ဟု ဆိုသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သည် ထိုသို့ စစ်ကောင်စီ၏ အသွင်ယူ ထောက်လှမ်း ခြင်းကို ခံခဲ့ရသော်လည်း အချိန်မှီသိရှိခဲ့သည့်အတွက် တန်ပြန်ထောက်လှမ်းရေးလုပ်ငန်းများလုပ် ဆောင်ကာ ထိုယန္တရားလည်ပတ်ပုံ များကို စနစ်တကျစောင့်ကြည့်ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ဖော် ထုတ်တွေ့ရှိထားသော စစ်ကောင်စီ၏ အသွင်ယူထောက်လှမ်း မှုယန္တရားပုံစံကို အခြားသောတော် လှန်ရေးတပ်ဖွဲ့များ နမူနာယူ၍ လုံခြုံရေး အစီအမံများ ချမှတ်နိုင်စေရန် ထုတ်ပြန်ကြေညာ လိုက် ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
“အခုထုတ်ပြန်ချက်မှာ ပုံနဲ့တကွဖော်ပြထားတဲ့သူတွေဟာ စစ်ကောင်စီဘက်ကနေပြီးတော့ သတင်း အချက်အလက် နှိုက်ယူဖို့ဆိုပြီးတော့ လွှတ်လိုက်တဲ့ ဒလန်တွေ၊ နောက်ပြီးတော့ တပ်ဖွဲ့ကို စွန့်ခွာပြီး တော့ စစ်ကောင်စီထံ အလင်းဝင်သွားတဲ့သူတွေ ၊ နောက်ပြီးတော့ တပ်ဖွဲ့ကို စွန့်ခွာပြီးနောက် စစ် ကောင်စီရဲ့ဖမ်းဆီးခြင်း ခံရပြီးတော့ ထောက်လှမ်းရေး ယန္တရားမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေ ဖြစ် ပါတယ်၊ အချို့သော သူတွေကတော့ စစ်ကောင်စီဘက်က အဓမ္မဖိအားပေးမှုကြောင့် မလွှဲသာ မရှောင်သာ သတင်းနှိုက်နေရတဲ့ လုပ်ငန်းစဉ်တွေ ပါဝင်ပတ်သက်နေကြရသူတွေဖြစ်နိုင်ပေမယ့် ဒီ ထုတ်ပြန်ချက်မှာ ပါထားတဲ့သူအများစုကတော့ လိုလိုလားလားကို ပူးပေါင်းပြီးတော့ စစ်ကောင်စီနဲ့ ဆောင်ရွက်နေတဲ့သူတွေဖြစ်ပါတယ်။” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် -မန္တလေး၏ ပြောရေး ဆိုခွင့် ရှိသူ ကိုအော်စမွန်က ပြောဆိုသည်။
စစ်ကောင်စီ၏ ထောက်လှမ်းရေးယန္တရားတွင် အဓိကနေရာမှ ပါဝင်ခဲ့သူများ –
ရဲသွေး (ခ) Black (ခ) ချစ်ရအောင်
ရဲသွေး (ခ) Black (ခ) ချစ်ရအောင်သည် အကြမ်းဖက်စစ်ကောင်စီမှ စစ်မှုထမ်းဥပဒေပြဌာန်းပြီး နောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) သို့ ဝင်ရောက်လာခဲ့ကြောင်း၊ သင်တန်းမစတင် မီ စုဆောင်းရေး ကာလတွင် အခြားသောရဲဘော်များနှင့် ရင်းနှီးမှုများများရရှိစေရန် အထူးအားထုတ် ကြိုးပမ်းခဲ့ပြီး အမည်ရင်းများ၊ နေရပ်လိပ်စာများနှင့် ဖုန်းနံပါတ်များကို ပုံစံမျိုးစုံဖြင့် တောင်းယူစု ဆောင်းခဲ့ကြောင်း သိရသည်။
အခြေခံစစ်ပညာ သင်တန်း ၃ လ တတ်ရောက်ခဲ့ပြီးနောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တ လေး) ၏ Medic ဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ပြည် သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ စွန့်ခွာထွက်ပြေး၍ တပ်ပြေးမှု လုပ်ဆောင်ခဲ့ကြောင်း သိရ သည်။
ချစ်ရအောင်သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ဦးဆောင်သူများ၊ အရာရှိများ၊ စစ်သည်များ၏ ထိခိုက်ဒဏ်ရာရမှုအခြေအနေများကို ထောက်လှမ်းသတင်းရယူခြင်း၊ တိုက်ပွဲဇုန် အတွင်းရှိ တည်နေရာများအား ပစ်မှတ်ထား ထောက် လှမ်းခြင်း၊ စစ်ကောင်စီမှ ဝါဒဖြန့်လိုသော သတင်းအမှားများကို Social Media မှတစ်ဆင့် တပ်ဖွဲ့ဝင် များအကြား သွယ်ဝှက်၍ သတင်းဖြန့်ဝေခြင်း၊ စိတ်ဓာတ် ကျဆင်းစေရန် ဖြားယောင်းပြောဆိုခြင်း၊ သတင်းအချက်အလက်အမှားများ ဖြန့်ဝေပြီး တပ်ဖွဲ့အား စွန့်ခွာထွက်ပြေးစေရန် ဆွဲဆောင်စည်း ရုံးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ဇင်ထက် (ခ) ဘစော
ကျော်ဇင်ထက် (ခ) ဘစောသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ အခြေခံစစ်ပညာ သင်တန်း အမှတ်စဉ် ၁၁ သင်တန်းဆင်းပြီးနောက် သင်တန်းဆရာအဖြစ် ၁၅ ရက် သင်တန်း တက်ခဲ့ ကြောင်း သိရသည်။
သင်တန်းရေးရာတွင် သင်တန်းဆရာအဖြစ် တာဝန်ထမ်းဆောင်ကာ အခြေခံအမှတ်စဉ်စစ်ပညာ သင် တန်း အမှတ်စဉ် (၁၃)၊ (၁၄)၊ (၁၅)၊ (၁၆) သင်တန်းများ သင်ကြားခဲ့ပြီး သင်တန်းရေးရာတွင် တာဝန် (၁) နှစ်နှင့် (၂) လ ထမ်းဆောင်ခဲ့ကာ ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၃ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် တပ် ဖွဲ့အားစွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ လေ့ကျင့်ရေးသင်တန်းကွင်းတည်နေရာများအား အဓိကစုံစမ်း ထောက်လှမ်းရန် Ko Ko Facebook Account ပိုင်ရှင်မှ ဦးတည်ညွှန်ကြားခံရသူဖြစ် ကြောင်း သိရသည်။
ပန်းအိဖြူ (ခ) ဟယ်ရီကျော်
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အပတ်စဉ် (၁၃) တွင် အခြေခံစစ်ပညာသင်တန်းတက် ရောက်ခဲ့ပြီးနောက် ပြည်သူ့ရေးရာဌာနကြီးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မတ်လ ၁၉ ရက်နေ့တွင် တပ်အား စွန့်ခွာထွက်ပြေးပြီး ရဲသွေး (ခ) ချစ်ရအောင်တို့နှင့် သွားရောက်ပူးပေါင်းခဲ့ ကြောင်း သိရသည်။
တပ်ပြေးပြီးနောက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထိန်းချုပ်နယ်မြေများ အ တွင်းရှိ စစ်ဆေးရေး ဂိတ်တည်နေရာများ သတင်းပေးခြင်း၊ တပ်တည်တပ်လှုပ်များ စုံစမ်းထောက် လှမ်းခြင်းနှင့် တပ်ပြေးရန် ဆွဲဆောင်စည်းရုံးခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မေမြတ်နိုး (ခ) Yuki
မေမြတ်နိုး (ခ) Yuki သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ အခြေခံစစ်ပညာ သင် တန်းအမှတ်စဉ် ၁၃ တွင် တက်ရောက်ခဲ့ပြီး ပြည်သူ့ရေးရာဌာနကြီးနှင့် အမျိုးသမီးတပ်ရင်းတွင် ၉ လ ခွဲကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၅ခ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် တပ်ဖွဲ့အား စွန့်ခွာထွက် ပြေးသွားကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ ဦးဆောင်သူများ၏ တည်နေရာများ၊ ယာယီအခြေပြု ဆေးကုသသည့် နေရာများနှင့် တပ်တည်တပ်လှုပ်များအား အဓိကထား သတင်းရယူထောက်လှမ်းပြီး တပ်ဖွဲ့ဝင်များ အချင်းချင်း စည်းလုံး ညီညွတ်မှု ပျက်ပြားစေရန် သတင်းအချက်အလက်အမှားများ ဖြန့်ဝေပြီး တပ်ဖွဲ့အား စွန့်ခွာထွက်ပြေးစေရန် ဆွဲဆောင်စည်းရုံးခဲ့ကြောင်း သိရှိရသည်။
ပိုင်အာကာဦး (ခ) ပိုင်ပိုင်
ပိုင်အာကာဦး (ခ)ပိုင်ပိုင်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ အပတ်စဉ် ၈ တွင် အခြေခံစစ်ပညာသင်တန်းတက် ရောက်ခဲ့ပြီး သပြေညိုစစ်ဆင်ရေးကာလအတွင်း တပ်ဖွဲ့အား စွန့် ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။
တပ်ပြေးပြီးနောက်ပိုင်း KNU ဘက်တွင်လည်း တာဝန်ထမ်းဆောင်ခဲ့သည်ဟု သိရှိရကာ လက်ရှိတွင် စစ်ကောင်စီအား သတင်းပေးသူအဖြစ် လုပ်ကိုင်ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။
ကြယ်စင်လင်း (ခ) ဂျူးလစ်
ကြယ်စင်လင်း (ခ) ဂျူးလစ်သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ အခြေခံစစ်ပညာ သင်တန်း အမှတ်စဉ် ၁၃ ကို တက်ရောက်ခဲ့ပြီးနောက် ဆေးအဖွဲ့ဝင်အဖြစ် တာဝန် ၉ လ ထမ်းဆောင် ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့တွင် တပ်ဖွဲ့အား စွန့်ခွာထွက်ပြေးခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ယာယီအခြေပြုဆေးကုသသည့်နေရာများနှင့် တိုက် ပွဲဇုန် အတွင်းရှိတည်နေရာများအား ပစ်မှတ်ထား ထောက်လှမ်းရန် တာဝန်ပေးအပ်ခံရပြီး ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး) တပ်ဖွဲ့ဝင်များနှင့် ရင်းနှီးသောဆက်ဆံရေးရရှိရန် ကြိုးပမ်း၍ နည်းလမ်းပေါင်းစုံ၊ အကြောင်းအရာပေါင်းစုံဖြင့် သတင်း အချက်အလက်များ ရရှိရန် စုံစမ်းထောက် လှမ်းလေ့ရှိကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တပ်ဖွဲ့ဝင်များအချင်းချင်း စည်းလုံးညီညွတ်မှု ပျက် ပြားစေရန် သတင်း အချက်အလက်အမှားများ ဖြန့်ဝေပြီး တပ်ဖွဲ့အား စွန့်ခွာထွက်ပြေးစေရန် ဆွဲ ဆောင်စည်းရုံးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ကျော်ပြည့်အောင် (ခ) System
ကျော်ပြည့်အောင် (ခ) System သည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ မွမ်းမံ အ ပတ်စဉ် ၁၀ တွင် တက်ရောက်ခဲ့ကြောင်း၊ ချစ်ရအောင်၏ ဆွဲဆောင်စည်းရုံးမှုဖြင့် တပ်ပြေးမှုကျူး လွန်ခဲ့ပြီး အဆိုပါပြစ်မှု မကျူးလွန်မှီအချိန်အတွင်း မိမိတို့ Sniper တပ်ဖွဲ့၏ တည်နေရာအား ချစ်ရ အောင်ထံ ပေးပို့ခဲ့သူဖြစ်ကြောင်း သိရသည်။
၎င်းတပ်ပြေးမှု ကျူးလွန်ပြီးနောက်ပိုင်းတွင်လည်း ပြည်သူ့ ကာကွယ်ရေးတပ်မတော် (မန္တလေး) တိုက်ပွဲဇုန်အတွင်းရှိ တည်နေရာများအား ပစ်မှတ်ထား ထောက်လှမ်းခြင်း၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် -မန္တလေးမှ တပ်ဖွဲ့ဝင်အချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားစေရန် သတင်းအချက် အလက်အမှားများဖြန့်ဝေကာ တပ်ဖွဲ့အားစွန့်ခွာထွက်ပြေးစေရန် ဆွဲဆောင်စည်းရုံးခဲ့ကြောင်း သိရ သည်။
“ဒီလူတွေကို ဖမ်းဆီးနိုင်ရေးနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ဆက်လက်လုပ်ဆောင်သွားဖို့ရှိတယ်၊ မိတ် ဖက်တော်လှန်ရေးအဖွဲ့တွေရဲ့အကူအညီကိုယူပြီးတော့ ဖမ်းဆီးနိုင်ရေးလုပ်ဆောင်သွားဖို့ရှိပါ တယ်၊ လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ ထောက်လှမ်းရေး ယန္တရားထဲက အစိတ်အပိုင်း တစ် ချို့ကို ဖမ်း ဆီးထိန်းသိမ်းထားပြီး ဖြစ်ပါတယ်၊ ဒါကတော့ အချိန်တစ်ခုရောက်ရင် ထပ်ပြီးတော့ ချပြသွားဖို့ရှိပါ တယ်၊” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် -မန္တလေး၏ ပြောရေး ဆိုခွင့် ရှိသူ ကိုအော်စမွန်က ပြောကြားသည်။
အချို့သောသူများသည် စစ်ကောင်စီ ၏ တပ်ပြေးရန် လိမ်လည်လှည့်ဖျားစည်းရုံးမှုကို ယုံမှတ်ကာ တပ်ပြေးမှုကျူးလွန်စဉ် ဖမ်းဆီးခံရပြီး အတင်းအကျပ် ဖိအားပေး ခံရမှုကြောင့် မလွှဲသာမရှောင်သာ လုပ်ကိုင်ဆောင်ရွက်နေရသူများ ရှိနိုင်သော်လည်း အချို့သောသူများသည် စစ်ကောင်စီနှင့် လိုလို လားလား ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း ထောက်ပြထားသည်။
တပ်ပြေးရဲဘော်များမှတစ်ဆင့် တပ်ဖွဲ့ဝင်များထံ ဆက်သွယ်ပြီး “ပစ္စည်းပို့ပေးမည်၊ မုန့်ပို့ပေးမည်” ဟု ဆိုကာ တည်နေရာများအား ထောက်လှမ်းစုံစမ်းခြင်း၊ တပ်ဖွဲ့ဝင်အမျိုးသမီးများ၏ အကောင့်အတု များ ဖန်တီးကာ ဆက်သွယ်ချိတ်ဆက်၍ သတင်းအချက်အလက်များ ထောက်လှမ်းခြင်း၊ တပ်ပြေးရဲ ဘော်များအနေဖြင့် တပ်ဖွဲ့ဝင်များထံ လာရောက်လည်ပတ်မည်ဟု လိမ်လည်လှည့်ဖျားကာ တည် နေရာများ ထောက်လှမ်းစုံစမ်းခြင်း ၊ ဆေးကုသမှုခံယူနေသော တပ်ဖွဲ့ဝင်များအား လူနာမေးရန် (သို့မဟုတ်) တပ်ဖွဲ့ဝင်များ၏ မိတ်ဆွေအပေါင်းအသင်း ဟန်ဆောင်၍ လိမ်လည်လှည့်ဖျားကာ ဆေး ရုံတည်နေရာများ၊ တပ်တည်တပ်လှုပ်များ ထောက်လှမ်းစုံစမ်းခြင်း၊ တပ်ဖွဲ့ဝင်များအား သမီး ရည်းစားပုံစံမျိုး ချဉ်းကပ်ကာ သတင်းအချက်အလက်များ ရယူထောက်လှမ်းခြင်းတို့ဖြင့် သတင်းနှိုက် ယူလေ့ရှိကြောင်း သိရသည်။
ထို့အပြင်တပ်ရင်းအသစ်ဖွဲ့စည်းထားသည်ဟု လိမ်လည်ကာ တပ်ပြောင်းရွှေ့ရန် စည်းရုံးလှုံ့ဆော်၍ ထောက်ချောက်ဆင် ဖမ်းဆီးခြင်း၊ ကျောက်ဆည်ခရိုင်KS-2 PDF ၊ ကျောက်ဆည်ခရိုင်တပ်ရင်း ၂ အ မည်အား အလွဲသုံးစားပြု၍ တပ်ပြောင်းရွှေ့ရန် စည်းရုံးကာ ထောက်ချောက်ဆင်ဖမ်းဆီး လျက်ရှိ ကြောင်း သိရသည်။
Thanlwin Myanmar Media