တောင်သာမြို့ဝန်ထမ်းအိမ်ယာနှင့်မြို့အထွက် ဂိတ်စခန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး၊ စစ် တပ်ထောက်တိုင် Non – CDM ဝန်ထမ်း ၁၁ ဦးဖမ်းမိ (ရုပ်သံ)
သံလွင်မြန်မာသတင်း
မေလ ၂၇
မန္တလေးတိုင်း၊ တောင်သာမြို့ပေါ်ရှိ ဝန်ထမ်းအိမ်ယာနှင့် မြို့အထွက်စစ်တပ်ဂိတ်စခန်းတို့ကို တပြိုင် တည်းဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၊ ရဲ ၄ ဦးသေဆုံးပြီး စစ်တပ်ထောက်တိုင် Non – CDM ဝန် ထမ်း ၁၁ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ ထံမှ သိရသည်။
မေလ ၁၉ ရက်နေ့ တောင်သာမြို့၊ မင်္ဂလာဦးရပ်ကွက်ရှိ တောင်သာ -ကျောက်ပန်းတောင်းလမ်းမပေါ် မြို့အထွက်ရှိ စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကာ စစ်သားများ စခန်းစွန့်ခွာထွက်ပြေးသွားကြောင်း၊ ထို့ကြောင့် ဂိတ်စခန်းဘန်ကာ၊ တဲ တို့အတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ ပစ္စတိုသေနတ် ၁ လက်၊ ကျည် ၁၅၀၈ တောင့်၊ MA1 ကျည်ဘောက် ၄ ခု၊ G3 ကျည်ဘောက် ၂ ခု၊ နှင့် ငွေကျပ် ၉၆ သိန်းကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း တောင်သာမြို့ပေါ်ရှိ စစ်ကူများလာရောက်ခဲ့သဖြင့် ထပ်မံပစ်ခတ်တိုက်ပွဲ ဖြစ် ခဲ့ရာ စစ်ကူကားပေါ်မှ စစ်သား၊ ရဲ ၂ ဦးထပ်မံသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိ ရသည်။
ယင်းအကြမ်းဖက်စစ်တပ်ဂိတ်သည် ဘန်ကာ၊ ကတုတ်ကျင်းအခိုင်အမာတည်ဆောက်ထားကာ ခရီးသွားပြည်သူများကို နေ့စဉ်စစ်ဆေး ဖမ်းဆီးငွေညှစ်နေသည့် ဂိတ်စခန်းတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် ဂိတ်စခန်းတဲများကို ဖျက်ဆီးခဲ့ပြီး ကွန်ကရစ်ဘန်ကာများမှာ ဖျက်ဆီးရခက်သဖြင့် ပစ်ထားခဲ့ရကြောင်း သိရသည်။
အလားတူ တောင်သာမြို့ ဘူတာကုန်းရပ်ကွပ်ရှိ ဝန်ထမ်းအိမ်ယာကို တပြိုင်နက် ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီထောက်တိုင် အကျင့်ပျက်ဝန်ထမ်း ၁၁ ဦးကို အရှင်ဖမ်းဆီး ခေါ်ဆောင်ခဲ့ ကာ စစ်ကောင်စီယန္တရားကို ဟန့်တားနှောက်ယှက်နိုင်ခဲ့ကြောင်း အသိပေးထားသည်။
အဆိုပါ စစ်ဆင်ရေးများကို တောင်သာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ – တောင်သာ ပကဖ ၊ မိတ္ထီ လာ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့်တပ်ရင်းမှူးရဲဘော်ကီး ဦးဆောင်သော နေပြည်တော် PDF အမှတ် ၈၀၁ တောင်သာ စစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Thanlwin Myanmar Media